နေလောင်ကွက်တွေဟာ မျက်နှာ လည်ပင်းနဲ့ လက်တွေမှာ အဖြစ်များပါတယ်။ နေရောင်ခြည်ထိတွေ့မှုများတာကြောင့် ဖြစ်ပေါ်လာရပြီးတော့ နေလောင်ကွက်တွေဟာ သင့်ကို အိုမင်းရင့်ရော်တယ်လို့ ထင်ရစေပါတယ်။ ဒါ့ကြောင့် နေလောင်ကွက်တွေကို သဘာဝအတိုင်း ဖယ်ရှားပေးပြီး အသားအရေကိုကြည်လင်စိုပြေစေမဲ့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

နနွင်း လက်ဖက်ရည်ဇွန်း ၁/၄ ပုံ

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုယိုသီးအရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကိုရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပါ။  ပြီးရင် နေလောင်ကွက်တွေရှိတဲ့နေရာကို သေချာပွတ်ပြီး လိမ်းပေးပါ။

ပြီးရင်ရေနွေးနဲ့ မျက်နှာသစ်ချပြီး အခြောက်ခံပါ။ ၂ ရက်လောက်ကြာရင် ရလဒ်ကောင်းတွေရလာပါလိမ့်မယ်။

မှတ်ချက် ( နနွင်းနဲ့ ဒိန်ချဉ်ကိုလည်း တွဲသုံးလို့ရပါတယ်)

ဗီဒီယိုဖိုင်လေးကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။