[Unicode]

ကြက်ဥမှာ ပရိုတင်းဓာတ်နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီဓာတ်တွေပါဝင်ပါတယ်။ ပရိုတင်းဓာတ်ဟာ အသားအရေ စိုပြေ ဝင်းပစေဖို့ အရေးကြီးတဲ့ ဓာတ်တစမျိုးပါ။ ကြက်ဥအကာက အဆီပိုတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပွင့်စေပါတယ်။ ကြက်ဥအနှစ်ကတော့ အသားအရေကို စိုပြေစေပြီး နေလောင်ဒဏ်ကို သက်သာစေပါတယ်။

အရေးကြောင်းသက်သာဖို့ ကြက်ဥနဲ့ ပေါင်းတင်နည်း

၁။ ကြက်ဥအကာနဲ့ ပျားရည်

ကြက်ဥအကာကိုယူလိုက်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာ၊ လည်ပင်းနဲ့ လက်တွေမှာလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ အရေးကြောင်းတွေကို သက်သာစေပါတယ်။

၂။ ကွေကာအုတ်အမှုန့် နဲ့ ကြက်ဥအကာကိုလည်း ပေါင်းတင်လို့ရပါတယ်။ ကြက်ဥတစ်လုံးကနေ အနှစ်နဲ့ အကာကိုခွဲလိုက်ပြီး အကာကို အသုံးပြုပါမယ်။ ပြီးရင် ကွေကာအုတ်အမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ အဲဒီနောက် သေချာမွှေပေးပြီး မျက်နှာနဲ့ လည်ပင်းမှာလိမ်းပေးပါ။ ၂ မိနစ်လောက်ထားပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။

ဝက်ခြံအတွက်

၁။ ပျားရည်၊ သံပုယိုသီးနဲ့ ကြက်ဥအနှစ်ကိုရောပြီးပေါင်းတင်ရမှာပါ။ ကြက်ဥတစ်လုံးကနေ အနှစ်နဲ့ အကာကိုခွဲလိုက်ပြီး အကာကို အသုံးပြုပါမယ်။ ပြီးရင် ပျားရည် နည်းနည်းနဲ့ သံပုယိုရည်နည်းနည်းထည့်လိုက်ပါ။ အဲဒီနောက် ဝက်ခြံရှိတဲ့နေရာတွေကို သေချာ ပွတ်လိမ်းပေးပြီးမျက်နှာ တစ်ခုလုံးကို လိမ်းပါ။ ၁၅ မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ မျက်နှာသစ်ချပါ။

၂။ သခွားသီးနဲ့ ကြက်ဥအကာကိုလည်း ရောပြီး ပေါင်းတင်နိုင်ပါတယ်။ ကြက်ဥတစ်လုံးကနေ အနှစ်နဲ့ အကာကိုခွဲလိုက်ပြီး အကာကို အသုံးပြုပါမယ်။ ပြီးရင် သခွားသီးကို ကြိတ်စက်နဲ့ ကြိတ်လိုက်ပြီး အရည်ညှစ်ထုတ်ကာ ကြက်ဥအကာနဲ့ ရောမွှေလိုက်ပါ။ အဲဒီနောက် မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ပြီးရင် ရေအေးအေးနဲ့ ဆေးချပါ။ အဆီပိုတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။

[Zawgyi]

ၾကက္ဥမွာ ပရိုတင္းဓာတ္နဲ႔ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အဆီဓာတ္ေတြပါ၀င္ပါတယ္။ ပရိုတင္းဓာတ္ဟာ အသားအေရ စိုေျပ ၀င္းပေစဖို႔ အေရးႀကီးတဲ့ ဓာတ္တစမ်ိဳးပါ။ ၾကက္ဥအကာက အဆီပိုေတြကို ဖယ္ရွားေပးၿပီး ေခၽြးေပါက္ပြင့္ေစပါတယ္။ ၾကက္ဥအႏွစ္ကေတာ့ အသားအေရကို စိုေျပေစၿပီး ေနေလာင္ဒဏ္ကို သက္သာေစပါတယ္။

အေရးေၾကာင္းသက္သာဖို႔ ၾကက္ဥနဲ႔ ေပါင္းတင္နည္း

၁။ ၾကက္ဥအကာနဲ႔ ပ်ားရည္

ၾကက္ဥအကာကိုယူလိုက္ၿပီး ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္ကာ ေသခ်ာေမႊလိုက္ပါ။ ၿပီးရင္ မ်က္ႏွာ၊ လည္ပင္းနဲ႔ လက္ေတြမွာလိမ္းေပးပါ။ ၁၅ မိနစ္ေလာက္ထားၿပီး ေရေအးေအးနဲ႔ မ်က္ႏွာသစ္ခ်လိုက္ပါ။ အေရးေၾကာင္းေတြကို သက္သာေစပါတယ္။

၂။ ေကြကာအုတ္အမႈန္႔ နဲ႔ ၾကက္ဥအကာကိုလည္း ေပါင္းတင္လို႔ရပါတယ္။ ၾကက္ဥတစ္လံုးကေန အႏွစ္နဲ႔ အကာကိုခြဲလိုက္ၿပီး အကာကို အသံုးျပဳပါမယ္။ ၿပီးရင္ ေကြကာအုတ္အမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္းထည့္လိုက္ပါ။ အဲဒီေနာက္ ေသခ်ာေမႊေပးၿပီး မ်က္ႏွာနဲ႔ လည္ပင္းမွာလိမ္းေပးပါ။ ၂ မိနစ္ေလာက္ထားၿပီးရင္ ေရေအးေအးနဲ႔ ေဆးခ်လိုက္ပါ။

၀က္ၿခံအတြက္

၁။ ပ်ားရည္၊ သံပုယုိသီးနဲ႔ ၾကက္ဥအႏွစ္ကိုေရာၿပီးေပါင္းတင္ရမွာပါ။ ၾကက္ဥတစ္လံုးကေန အႏွစ္နဲ႔ အကာကိုခြဲလိုက္ၿပီး အကာကို အသံုးျပဳပါမယ္။ ၿပီးရင္ ပ်ားရည္ နည္းနည္းနဲ႔ သံပုယိုရည္နည္းနည္းထည့္လိုက္ပါ။ အဲဒီေနာက္ ၀က္ၿခံရွိတဲ့ေနရာေတြကို ေသခ်ာ ပြတ္လိမ္းေပးၿပီးမ်က္ႏွာ တစ္ခုလံုးကို လိမ္းပါ။ ၁၅ မိနစ္ေလာက္ထားၿပီး ေရေအးေအးနဲ႔ မ်က္ႏွာသစ္ခ်ပါ။

၂။ သခြားသီးနဲ႔ ၾကက္ဥအကာကိုလည္း ေရာၿပီး ေပါင္းတင္ႏိုင္ပါတယ္။ ၾကက္ဥတစ္လံုးကေန အႏွစ္နဲ႔ အကာကိုခြဲလိုက္ၿပီး အကာကို အသံုးျပဳပါမယ္။ ၿပီးရင္ သခြားသီးကို ႀကိတ္စက္နဲ႔ ႀကိတ္လိုက္ၿပီး အရည္ညွစ္ထုတ္ကာ ၾကက္ဥအကာနဲ႔ ေရာေမႊလိုက္ပါ။ အဲဒီေနာက္ မ်က္ႏွာေပၚလိမ္းေပးၿပီး မိနစ္ ၃၀ ေလာက္ထားပါ။ၿပီးရင္ ေရေအးေအးနဲ႔ ေဆးခ်ပါ။ အဆီပိုေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ၾကည္လင္ေစပါတယ္။