ကြက်ဥမှာ အသားအရေကို ကြည်လင်စိုပြေစေတဲ့ ပရိုတင်းဓာတ်နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီဓာတ်ပါဝင်ပါတယ်။ ဒါ့ကြောင့် သင်နေ့စဉ်ကြုံတွေ့ နေရတဲ့ အသားအရေ ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

အသားအရေ ကြည်လင်စိုပြေနေဖို့ဆိုတာ လူတိုင်းရဲ့ အိပ်မက်တစ်ခုပဲမို့ ကြက်ဥအကာနဲ့ ပေါင်းတင်နည်းကို မျှဝေပေးမယ်နော်။

၁။ ပါဝင်ပစ္စည်း

ကြက်ဥအကာ ၁ လုံး

ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးကို ရောလိုက်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပါ။ မိနစ် ၂၀ လော်ကထားပြီး ရေနွေးနွေးလေးနဲ့ သေချာဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်ပေါင်းတင်ပါ။

၂။ ပါဝင်ပစ္စည်း

ပဲမှုန့် လက်ဖက်ရည်ဇွန် ၁ ဇွန်း

ကြက်ဥအကာ ၁ လုံး

ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရိုးရိုးရေနဲ့ မျက်နှာသစ်ချလိုက်ပါ။