အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကောင်းမွန်တဲ့အသားအရည်ကိုပိုင်ဆိုင်ချင်ကြတာပါပဲ။ အသားအရေချောမွေ့လှပခြင်းဟာလည်း ကောင်းခြင်းတစ်မျိုးပါ။ အခုခေတ်မှာ အလှကုန်ပစ္စည်းတွေအများကြီးသုံးပြီး လှအောင်ပြုပြင်လို့ရနိုင်ပေမဲ့ အဲဒီ့ပစ္စည်းတွေကြောင့်ပဲ အသားအရည်ပျက်စီးရတာတွေလည်းရှိတယ်နော်။

အောက်ကဖော်ပြထားတဲ့နည်းလမ်းတွေက သဘာဝဖြစ်ပစ္စည်းတွေနဲ့ အလွယ်တကူလုပ်ကြည့်လို့ရတဲ့အရာတွေပါ။

၁) ရေ

ကြည်လင်တောက်ပတဲ့အသားအရည်ရချင်ရင် ရေသောက်ရမှာလူတိုင်းသိကြမှာပါ။ တစ်နေ့ကိုဖန်ခွက် ၈ခွက်ကနေ ၁၀ ခွက်ကြားရေသောက်သင့်ပါတယ်။ အဲဒီလိုသောက်တဲ့အခါ ခန္ဓာကိုယ်က အညစ်အကြေးတွေနဲ့ အပူအပုပ်တွေကင်းစင်စေပါတယ်။ ဒါ့အပြင်ဆိုဒါပါတဲ့အချိုရည်မျိုးကို ရှောင်ရှားပြီး ရေဓာတ်ပြည့်ဝေတဲ့ အသီးအနှံတွေကို စားသုံးပေးသင့်ပါတယ်။

၂) ပျားရည်

ချောမွတ်တဲ့အသားအရည်ရဖို့ ပျားရည်ရိုးရိုးကိုပဲ မျက်နှာနဲ့လည်ပင်းတစ်ဝိုက်လိမ်းပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေဆေးချရင် နူးညံ့ချောမွတ်လာပါလိမ့်မယ်။ နောက်ကြက်ဥနဲ့ရောမွှေပြီးလိမ်းတာပဲဖြစ်ဖြစ် သစ်ကြံ့ပိုးခေါက် ဇွန်းတစ်ဝက်စာနဲ့ပျားရည်၃ဇွန်းနဲ့လိမ်းတာပဲဖြစ်ဖြစ်လုပ်လို့ရပါသေးတယ်။

၃) ရှားစောင်းလက်ပတ်

ရှားစောင်းရဲ့အတွင်းသားကို မျက်နှာမှာလိမ်းပေးတာမျိုးကို တစ်ပတ်တစ်ခါလုပ်ပေးသင့်ပါတယ်။ သံပုရာ ၂ဇွန်း၊ ပျားရည် ၁ဇွန်းနဲ့ရှားစောင်းဂျယ်လ် ၁ ဇွန်းလောက်ကို ရောမွှေပြီး ၁၅ မိနစ်လောက်ထားပြီး ရေနွေးဖြင့်ဆေးချပါ။ အသားအရည်ချောမွေ့လာပါလိမ့်မယ်။

၄) သံပရိုရည်

ဝက်ခြံနဲ့အမည်းစက်ပြောက်ဖို့ဆို သံပရိုသီးတစ်လုံးကို အရည်ညှစ်ပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးနဲ့ဆေးချပေးပါ။ အသားအရည်ချောမွေ့ချင်ရင်တော့ သံပရိုသီးတစ်ဝက်နဲ့ ကြက်ဥအကာ ၁ လုံးစာရောပြီး ၁၀ မိနစ်ခန့်လိမ်းပေးပါ။

အထက်ပါနည်းလမ်းတွေကိုသုံးပြီး ချောမွေ့လှပသောအသားအရည် ပိုင်ဆိုင်နိုင်ကြပါစေ။