အသားအရေညီညာပြီး စိုပြေစေဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဓါတုပစ္စည်းတွေမသုံးဘဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရမယ်ဆိုရင် လူတိုင်းလည်း လုပ်ချင်ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်း

ပြောင်းဖူးကော်မှုန့် (Cornflour) စားပွဲတင်ဇွန်း ၂ ဇွန်း

လိမ္မော်ရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံပုယိုသီး တစ်ခြမ်း (သို့) သံပုရာသီး တစ်ခြမ်း

လက်ချောင်းခြေချောင်းလေးတွေကိုပါ လုပ်ချင်ရင်။ ပါဝင်ပစ္စည်းတွေကို ၂ ဆလုပ်ပါ။

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး သေချာမွှေလိုက်ပါ။ ရလာတဲ့ အနှစ်က အရမ်းအရေကြဲနေရင် ပြောင်းဖူးကော်မှုန့် နည်းနည်းထပ်ထည့်ပါ။ ပျစ်ပျစ်လေး ဖြစ်အောင်ဖျော်ရမှာဖြစ်ပါတယ်။

ပြီးရင်တော့ Make-up Brush အသန့်တစ်ခုနှစ်ပြီး မျက်နှာ နဲ့ လက်ချောင်းခြေချောင်းလေးတွေကို လိမ်းပေးပါ။ ၂ မိနစ်လောက်ထားပါ။ ပြီးရင် ကျန်တဲ့ အနှစ်တွေကို ကုန်အောင်ထပ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။

အဲဒီနောက် ဝါဂွမ်းစကို ရေအေးထဲ နစ်ပြီး စောစောကလိမ်းထားတဲ့အနှစ်တွေကို သုတ်ပေးပါ။ ပြီးရင်ရေအေးနဲ့ ဆေးချပါ။

၃ ရက်ကို ၁ ကြိမ်လုပ်ပါ။ တစ်လတိတိလုပ်ပေးပါ။