နေလောင်ထားလို့ပဲဖြစ်ဖြစ် တကိုယ်ရေသန့်ရှင်းမှု အားနည်းလို့ပဲဖြစ်ဖြစ် လက်နဲ့ ခြေထောက်ကအသားအရေ မည်းညစ်နေတတ်ပါတယ်။ အခုဖော်ပြပေးမယ့်နည်းလမ်းကတော့ အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ခြေသည်းလက်သည်း ဝါတာတွေကိုလည်း သက်သာပျောက်ကင်းစေမှာ ဖြစ်သလို လက်နဲ့ ခြေထောက်သာမက မျက်နှာအတွက်လည်း အသုံးပြုနိုင်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ အသားအရေဖြူဝင်းစေဖို့နဲ့ အသားအရေကို ကြည်လင်သန့်စင်စေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။

ခရမ်းချဉ်သီးနဲ့ နို့တမျိုးမျိုးကို ၁း၂ ရောစပ်လိုက်ပြီး နေလောင်ထားတဲ့နေရာ (သို့) မည်းညစ်နေတဲ့ ခြေထောက်နဲ့ လက်ကို လိမ်းပေးပါ။ အဲဒီနောက် မိနစ် ၄၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။

ပြီးရင် ခြေထောက်နဲ့ လက်ကို ခြောက်အောင်သုတ်ပြီး ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါ။

ပဲမှုန့် အစိမ်းမှုန့် နဲ့ နှင်းဆီရေ

ပဲမှုန့် Gram Flour ဟာ သင့်အသားအရေကို ကြည်လင်စေပြီး အသားအရေကို ဖြူဝင်းစေပါတယ်။ ပဲမှုန့်အစိမ်းမှုန့်ကို စားပွဲတင်ဇွန်း ၄ဇွန်း နဲ့ နှင်းဆီရေနည်းနည်းထည့်လိုက်ပါ။ နှင်းဆီရေကို ဘယ်လိုလုပ်ရလဲဆိုတော့ နှင်းဆီပွင့်တွေကို ရေသေချာဆေးပါ။ ပြီးရင် ရေပွက်ပွက်ဆူအောင်သည်ပြီး နှင်းဆီပွင့်ထည့်လိုက်ပါ။ ၅ မိနစ်လောက်မွှေပြီး မီးဖိုပေါ်ကာချကာအေးအောင်ထားပါ။ ပြီးရင် နှင်းဆီရေကို ရပါပြီ။

ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောမွှေလိုက်ပြီး မျက်နှာ လက်နဲ့ ခြေထောက် တွေမှာလိမ်းပေးနိုင်ပါတယ်။ ပြီးရင် ခြောက်တဲ့ထိထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။ ပဲမှုန့်ကို ဒိန်ချဥၤနဲ့ရောပြီးလည်း ပြုလုပ်နိုင်ပါတယ်။

ပြီးရင် မျက်နှာကို ခြောက်အောင်သုတ်ပြီး Moisturizer လိမ်းပေးထားပါ။ ခြေထောက်နဲ့ လက်ကိုလည်း ခြောက်အောင်သုတ်ပြီး ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါ။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ဟာ အရေပြားပြဿနာအမျိုးမျိုးအတွက် အသုံးပြုကြပါတယ်။ အသားအရောင်ကို ဖြူဝင်းစေရုံသာမက သင့်အသားအရေကို သဘာဝအတိုင်း အားဖြည့်ပေးမှာပါ။ ရှားစောင်းလက်ပပ်ကို မျက်နှာ၊ လက်နဲ့ ခြေထောက်တွေမှာလိမ်းပါ။ မိနစ် ၂၀ ကနေ ၃၀ ထိထားပြီး ရေဆေးချလိုက်ပါ။

ပြီးရင် မျက်နှာကို ခြောက်အောင်သုတ်ပြီး Moisturizer လိမ်းပေးထားပါ။ ခြေထောက်နဲ့ လက်ကိုလည်း ခြောက်အောင်သုတ်ပြီး ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါ။