ခရမ်းချဉ်သီးဟာ အသားအရေလှစေတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ အရေပြားဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အစွမ်းထက် သဘာဝသစ်သီးဖြစ်ပါတယ်။ ဝက်ခြံကိုသက်သာစေပြီး အဆီပြန်ခြင်းကိုလည်း လျော့နည်းစေသလို အသားအရေ အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ အသားအရေကို ကြည်လင်တောက်ပစေပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးတာမို့ အသားအရေကို အနက်ရှိုင်းဆုံးထိ သန့်စင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကြည်လင်စိုပြေတဲ့အသားအရေကို ပိုင်ဆိုင်ရရှိစေမှာပါ။ မျက်နှာပေါင်းတင်ဖို့တွက် Beauty salon ကိုသွားစရာမလိုတော့ပါဘူး။ အိမ်မှာပဲအလွယ်တကူ ပြင်ဆင်လို့ရပါပြီနော်။

ပါဝင်ပစ္စည်း

ခရမ်းချဉ်သီး ၁ ခြမ်း (သို့) စားပွဲတင်ဇွန်း ၁ ဇွန်း

သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပြုလုပ်နည်းကတော့ ၂ မျိုးရှိပါတယ်။ ခရမ်းချဉ်သီးအနှစ်နဲ့ သကြားကို သေချာရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီးလက်နဲ့ ၂ မိနစ် ၃ မိနစ်လောက် ပွတ်ပေးပါ။

ဆဲလ်သေတွေကိုဖယ်ရှားပေးပြီးနေလောင်ကွက်တွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ ပြီးရင်ရေအေးအေးနဲ့ ဆေးချလိုက်ပါ။

နောက်တစ်နည်းကတော့

ခရမ်းချဉ်သီးတစ်ခြမ်းပေါ်မှာ သကြားကိုတင်ပြီး မျက်နှာပေးမှာ ပွတ်ပေးတာဖြစ်ပါတယ်။ ၂ မိနစ် ၃ မိနစ်လောက်ပွတ်ပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ပြီးရင်ရေအေးအေးနဲ့ ဆေးချလိုက်ပါ။

ဒီနည်းလမ်းတွေကိုလုပ်ပြီးသွားရင်တော့ မျက်နှာကိုသေချာလေး ခြောက်အောင်သုတ်ပေးပြီး ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါ။