အလှပဆိုရာမှာ မျက်နှာအသားအရေကိုပဲ ဂရုစိုက်နေလို့မရပါဘူး။ မျက်နှာအသားအရေကို ဂရုစိုက်သလို လက်နဲ့ ခြေထောက်အသားအရေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။

သင့်ရဲ့ လက်နဲ့ ခြေထောက်အသားအရေလေးကို နူးညံ့စိုပြေစေဖို့ မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်လို့ရတဲ့ နည်းလမ်းကို မျှဝေပေးပါမယ်။

၁။ ပါဝင်ပစ္စည်း

သကြား ၁ ခွက်

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကို သေချာရောလိုက်ပါ။ ရေမချိုးခင်မှာ လက်နဲ့ ခြေထောက်ကို သေချာပြောင်အောင်ဆေးလိုက်ပြီး ခြောက်အောင်သုတ်ပါ။

ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို သေချာလိမ်းပေးလိုက်ပါ။ ပြီးရင် ၅ မိနစ်လောက် သေချာပွတ်ပေးပြီး ၅ မိနစ်လောက် ခဏထားထားပါ။ ပြီးရင် ရေချိုးလိုက်ပြီး Lotion တမျိုးမျိုးလိမ်းပေးထားပါ။