အသားအရေ နုပျိုလှပခြင်းကို လူတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ သင့်မျက်နှာအသားအရေကို တစ်ပတ်တစ်ခါ ဂသို့) တစ်ပတ် ၂ ခါ ချေးချွတ်ပေးတာဟာ သင့်အသားအရေအတွက် ကောင်းမွန်ပါတယ်။ ဒါ့ကြောင့် မျက်နှာပေါ်က အသားအရေကို သဘာဝအတိုင်း ချေးချွတ်ပေးနိုင်ဖို့ မျှဝေပေးပါမယ်။

၁။ ပါဝင်ပစ္စည်း

ဒိန်ချဉ် ခွက်တစ်ဝက်

အုတ်ဂျုံ စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို သေချာရောပြီးမွေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ အဲဒီနောက် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ပြီးရင်တော့ မျက်နှာကိုခြောက်အောင်သုတ်ပြီး ခရင်မ်လိမ်းပေးထားပါ။

၂။ ပါဝင်ပစ္စည်း

သကြား စားပွဲတင်ဇွန်း ၃ ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာထည့်ပြီးမွေလိုက်ပါ။ ပြီးရင်မျက်နှာအပါအဝင် သင့်အသားအရေရဲ့ မည်သည့်နေရာကိုမဆို လိမ်းပေးနိုင်ပါတယ်။ ရေချိုးနေရင်နဲ့ သုံးလို့လည်းရပါတယ်။ မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေမှာဖြစ်ပါတယ်။