တချို့က မျိုးရိုးကြောင့် အသားအရေ ခြောက်သွေ့ကြသလိုတချို့ကလည်း ရေဓာတ်ခမ်းခြောက်တာကြောင့် အသားအရေ ခြောက်သွေ့ကြပါတယ်။ ခြောက်သွေ့ကြမ်းတမ်းတဲ့အသားအရေအတွက် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ အဓိကအားဖြင့်တော့ ခန္ဓာကိုယ်အပြင်ပိုင်းတင်မကပါဘူး။ ခန္ဓာကိုယ်အတွင်းပိုင်းကိုလည်း ထိန်းသိမ်းဖို့လိုပါတယ်။ ဘယ်လောက်ကောင်းတဲ့အလှကုန်ပစ္စည်းတွေသုံးသုံး သင့်ခန္ဓာကိုယ်အတွင်းပိုင်းက အာဟာရမပြည့်ဘူးဆိုရင် သင့်အသားအရေ စိုပြေလာစေမှာမဟုတ်ပါဘူး။

Omega 3 Fatty Acid စားပါ

အသားအရေခြောက်တာဟာ အဓိကအားဖြင့် Omega 3 Fatty Acid ချို့တဲ့နေတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သင့်အသားအရေဆဲလ်တွေဟာ Omega 3 နဲ့ အဓိက ဖွဲ့စည်းထားပါ။ ဒါ့ကြောင့် ဆဲလ်မွန်၊ တူနာ တို့လို ငါးအမျိုးမျိုး၊ ထောပတ်သီးတွေကို စားပေးသင့်ပါတယ်။

လတ်ဆတ်တဲ့အသီးအနှံကို များများစားပါ

လတ်ဆတ်တဲ့အသီးအနှံတွေဟာ သင့်ကျန်းမာရေးအတွက်သာမက သင့်အသားအရေကိုပါ စိုပြေစေပါတယ်။ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်ကြွယ်ဝတဲ့အစားအစာကို များများစားပေးပါ။ အသီးအရွက်ကို အစိမ်းသုတ်စားတာ၊ သစ်သီးဖျော်ရည်လုပ်သောက်တာမျိုးကို လုပ်ပေးနိုင်ပါတယ်။

သကြားနဲ့ ပြန်လည်ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ပါ

သကြား၊ ပြန်လည်ပြုပြင်ထားတဲ့အစားအစာ၊ အသင့်လုပ်အစားအစာတွေ၊ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့အစားအစာတွေကို ရှောင်ပေးသင့်ပါတယ်။ အဲဒါဟာ သင့်ကျန်းမာရေးအတွက်ရော အသားအရအတွက်ပါ မကောင်းပါဘူး။

ရေမျးများသောက်ပါ

အချိုရည်သောက်မယ့်အစား ရိုးရိုးရေသောက်ပေးသင့်ပါတယ်။ ရေဟာ သင့်ကို ရေဓာတ်ဖြည့်တင်ပေးနိုင်ပြီး သင့်အသားအရေကို ပြန်လည်စိုပြေစေနိုင်ပါတယ်။ ရေဓာတ်ပါဝင်မှုများတဲ့ အသီးအနှံတွေကိုလည်း စားပေးနိုင်ပါတယ်။

အကြံပြုချက်များ

အပြင်ကပြန်လာရင် မျက်နှာကို သေချာသန့်စင်ပါ။ ပြီးရင် တိုနာလိမ်းပြီး Moisturizer လိမ်းပေးရပါမယ်။ ညဖက်မှာ ညအိပ်ခရင်မ်လိမ်းပေးသင့်ပါတယ်။