မျက်နှာပေါ်မှာ ဖြစ်ပေါ်နေတဲ့ သွေးကြောလေးတွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ တွေးရခက်နေလား။ သဘာဝနည်းလမ်းနဲ့ ဖယ်ရှားလို့ရပါပြီ။

ခရမ်းချဉ်သီးအစိမ်း

အစိမ်းရောင်ခရမ်းချဉ်သီးမှာ သွေးကြောလေးတွေဖယ်ရှားပေးဖို့ လိုအပ်တဲ့ အက်ဆစ်ဓါတ်တွေပါဝင်ပါတယ်။
ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး သွေးကြောလေးတွေရှိတဲ့နေရာမှာ ၃ မိနစ်လောက်လိမ်းထားပါ။ ပြီးရင်မျက်နှာသစ်ချပါ။နေ့စဉ် ပြုလုပ်ပေးရမှာဖြစ်ပြီး ၁၀ ရက်ဆက်တိုက်လုပ်ပေးပ။

တရုတ်နံနံပင်

ရေ ၁၀၀ မီလီလီတာကို ပွက်ပွက်ဆူအောင်သည်ပြီး ပွက်ပွက်ဆူနေတဲ့ ရေထဲ တရုတ်နံနံပင်ရွက်လက်တစ်ဆုပ်စာကို ထည့်ပါ။ ပြီးရင် ဖုံးလိုက်ပြီး မိနစ် ၃၀ လောက်ထားပါ။ ပြီးရင်မွေပေးပြီး နွားနို့ ၅၀ မီလီလီတာထည့်ပါ။

ပြီးရင်သဘက်ကိုယူပြီး အဲဒီထဲမှာ နှစ်ပေးပါ။
အရည်ညှစ်လိုက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးကာ မိနစ် ၂၀ လောက်ထားပါ။ နေ့စဉ်ပြုလုပ်ပေးရမှာဖြစ်ပြီး ရက် ၂၀ လောက်လုပ်ပေးရမှာပါ။