အသက်ကြီးလာတာနဲ့အမျှ အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းရောဂါဖြစ်မှာကို ကြောက်ရတဲ့နှုန်းကိုလည်း တစ်စထက်တစ်စ တိုးတိုးလို့ လာနေပါတယ်။ အသက်အရွယ်ရလာပေမယ့်လည်း မှတ်ဉာဏ်အားကောင်းနေသေးဖို့အတွက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားဖို့ လိုအပ်တာကြောင့် ငယ်ရွယ်တုန်းမှာ အစစအရာရာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်စေမယ့် အစားအစာတွေကို မက်မက်မောမော စားသုံးမယ့်အစား ဘယ်လိုအစားအစာတွေက ကိုယ့်အတွက် ကောင်းကျိုးတွေကို ပေးစွမ်းနိုင်မလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။

၁။ ဆယ်လ်မွန်ငါး

Source: Great British Chefs

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိုမီဂါသရီး ဖက်တီး အဆီဓာတ်ပြည့်ဝစွာပါဝင်သည့် ဆယ်လ်မွန်ငါးတွေဟာဆိုရင် အယ်လ်ဇိုင်းမားရောဂါကိုဖြစ်စေမယ့် ဦးနှောက်တွင်း Beta-amyloid များခဲသွားခြင်းကို မဖြစ်စေအောင် တားဆီးပေးပါတယ်။

၂။ နနွင်း

Source: Healthline

အယ်ဇိုင်းမားရောဂါတွေက ဦးနှောက်ထဲမှာ BDNF (Brain-Derived Neurotrophic Factor) လျော့နည်းတာနဲ့ ဆက်စပ်နေတာကြောင့် မြန်မာလူမျိုးအားလုံးရဲ့ မီးဖိုချောင်တိုင်းမှာရှိတဲ့ နနွင်းဟာဆိုရင် BDNF တွေ ပြန်တက်လာအောင် ကူညီပေးပါတယ်။

၃။ ဘလူးဘယ်ရီသီးများ

Source: huffpost.com

တပတ်လျှင် ဘယ်ရီသီးနှစ်ပန်းကန်လောက် စားသုံးပေးခြင်းကလည်း မှတ်ဉာဏ်ချို့ယွင်းခြင်းကို ကာကွယ်ပေးကာ မှတ်ဉာဏ်တွေကို တိုးတက်စေနိုင်မှာပါ။

၄။ ခရမ်းချဉ်သီး

Source: en.trend.az

ခရမ်းချဉ်သီးက Lycopene ဟာ သဘာဝအလျောက် Antioxidant ဖြစ်ပြီး ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်ပါတယ်။ တစ်ခုခုရယ် ကြောင့်မို့ ဦးနှောက်ကို ထိခိုက်ရင်တောင် သူက ဆဲလ်တွေ ပြန်ရှင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။

၅။ ပန်းသီး

Source: The Verge

အမေရိကန်နိုင်ငံ Cornell တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ စမ်းသပ်ချက်အရ ပန်းသီးတွင်ပါဝင်သော Quercetin ဒြပ်ပေါင်းသည် ဦးနှောက်ဆဲလ် များရှိ Free Radical များ ပျက်စီးခြင်းမှ ကာကွယ်ပေးသည့်အတွက် အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။

Featured Image Source: today.mims.com