T Zone လို့ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့တွေမှာ အဓိကအားဖြင့် ဆားဝက်ခြံတွေတွေ့ရလေ့ရှိပါတယ်။ ဆားဝက်ခြံရှိတာဟာကြီးကြီးမားမား ပြဿနာမဟုတ်ဘူးလို့ ထင်ရပေမယ့် အလှပကြိုက်တဲ့ ပျိုမေတို့အတွက်တော့ တကယ်စိတ်ရှုပ်စရာပါပဲ။ ဒါ့ကြောင့် ဆားဝက်ခြံဖယ်ရှားလို့ရမယ့်နည်းလမ်းကိုမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ကြက်ဥ အကာ ၁ လုံး

ပြုလုပ်နည်း

အရင်ဆုံး ခွက်အသေးတစ်လုံးထဲကို ပါဝင်ပစ္စည်းနှစ်မျိုးလုံးထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးလိုက်ပါ။ ပြီးရင် တစ်ရှုးစက္ကူကို တစ်လွှာခွာလိုက်ပြီး ကပ်ပေးလိုက်ပါ။ ခြောက်သွားတဲ့ထိထားပါ။ လုံးဝခြောက်သွားပြီဆိုရင် တစ်ရှုးစကို ခွာချပေးလိုက်ပါ။

တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်ထိလုပ်ပေးနိုင်ပါတယ်။

သံပုယိုရည်အစား သံပုရာရည်ကို အသုံးပြုပေးနိုင်ပါတယ်။ တကယ်လို့ သံပုယိုရည်မထည့်ချင်ရင်လည်း ကြက်ဥအကာချည်း သတ်သတ်လုပ်ပေးလို့ရပါတယ်။

အရင်ဆုံး ဒီနည်းလမ်းကိုမသုံးခင်မှာ မျက်နှာကို ရေနွေးနွေးလေးနဲ့ အရင်သစ်ပေးလိုက်ပါ။ ပြီးမှ လိမ်းပေးလိုက်ပြီး ခွာချပေးလိုက်ရင် ရေအေးအေးနဲ့မျက်နှာသစ်ချလိုက်ပါ။

ပြီးသွားရင်တော့ ခြောက်အောင်သုတ်ပြီး မျက်နှာကို တိုနာလိမ်းပေးထားလိုက်ပါ။

ညဖက်မှာ ပြုလုပ်ပေးတာပိုကောင်းပါတယ်။

Featured Image Source: Webemax