အသက် ၃၀ ဆိုပေမယ့် ၂၀ ကျော်လောက်ပဲ ထင်ရတဲ့သူတွေ။ အသက် ၄၀ ဆိုပေမယ့် နုပျိုနေတဲ့သူတွေ ကို မြင်ဖူးကြမှာပါ။ MyHealth Myanmar က စာဖတ်သူတွေကိုလည်း ရှိရင်းရှိအသက်ထက် အသားအရေ နုပျိုစိုပြေနေစေဖို့အတွက် နည်းလမ်းကောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
၁။ ၁၀ စက္ကန့်လောက်မျက်နှာကိုနှိပ်ပေးမယ်။
ရေချိုးပြီးတဲ့အခါ မျက်နှာပေါ်မှာ ခရင်မ်တစ်မျိုးမျိုးလိမ်းပေးပြီး ၁၀ စက္ကန့်လောက် ညင်သာစွာ နှိပ်နှယ်ပေးပါ။
ဘယ်လိုအကျိုးထူးသလဲ – ရေချိုးပြီးတဲ့အချိန်ဟာ ချွေးပေါက်ပွင့်နေတဲ့အချိန်မို့ အသားအရေထဲ ခရင်မ်စိမ့်ဝင်ပြီး သင့်မျက်နှာအသားအရေကို ပိုပြီးလှပစေမှာပါ။
၂။ တဘက်ပူပူနဲ့ နှိပ်နယ်ပေးမယ်။
တဘက်အသန့်တစ်ထည်ကို ရေနွေးနဲ့ စိမ်ပြီး ရေကုန်အောင် ညှစ်ထုတ်လိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာ အုပ်ပေးထားပြီး လက်နဲ့ ညင်သာစွာ ၁၅ မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးရင် ခရင်မ်တမျိုးမျိုး လိမ်းပေးထားလိုက်ပါ။
ဘယ်လိုအကျိုးထူးသလဲ – မျက်နှာအတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ချွေးပေါက်ပွင့်စေပါတယ်။ အသားအရေကို လန်းဆန်းစေပါတယ်။
၃။ ဆားနဲ့ ရေ
ဆား စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေနွေးတစ်ခွက် သေချာရောပြီး ဝါဂွမ်းစနစ်လိုက်ကာ မျက်နှာကို သစ်ပေးလိုက်ပါ။
ဘယ်လိုအကျိုးထူးသလဲ – ဆားဝက်ခြံတွေကိုဖယ်ရှားပေးပြီး အသားအရေကို ချောမွတ်စေပါတယ်။ ချွေးပေါက်ကို ကျဉ်းစေပါတယ်။
၄။ ရေနွေးငွေ့ ခံပါ
ဇလုံတစ်ခုထဲကို ရေနွေးထည့်ပြီး မျက်နှာကိုအပေါ်မှာထားပြီး ရေနွေးငွေ့ခံပေးပါ။ ၅ မိနစ်လောက်လုပ်ပေးမယ်ဆိုရင် အသားအရေအတွက်ကောင်းမွန်ပါတယ်။
အကျိုးကျေးဇူး – ချွေးပေါက်ပွင့်စေပြီး၊ အသားအရေကို ကြည်လင်စေပါတယ်။
၅။ လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာရေး ခန္ဓာကိုယ်အချိုးအစား လှပဖို့သာမက သင့်အသားအရေကိုပါ ကြည်လင်စေပါတယ်။