ချွေးပေါက်ကျယ်နေရင် အဆီပြန်လွယ်ပြီး ချွေးပေါက်ပိတ်လို့ ဆားဝက်ခြံတွေ၊ ဝက်ခြံတွေ ဖြစ်စေပါတယ်။ အဲဒီလို အဆီပြန်တတ်တဲ့အသားအရေနဲ့ ပေါင်းစပ်အသားအရေမှာ ချွေးပေါက်ကျယ်နေတတ်ပါတယ်။ အခုလို ကျယ်နေတဲ့ ချွေးပေါက်တွေကို ပြန်ပြီး ကျဉ်းစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားပါမယ်။

ချွေးပေါက်ကျဉ်းစေဖို့ လိုက်နာရမယ့်အချက်တွေကတော့ မျက်နှာကိုမကိုင်ခင်မှာ လက်ကို သေချာ စင်ကြယ်အောင် ဆေးလိုက်ပါ။ ပြီးရင် မျက်နှာကို ခဏခဏ ထိတာမျိုး ရှောင်ပါ။ အလှပအတွက် အသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေကို အရည်အသွေးကောင်းပြီး ကိုယ့်အသားအရေနဲ့ သင့်တော်တာ သုံးပါ။ နောက်ထပ်နည်းလမ်းတွေကတော့

  • ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေစားပါ။
  • အိပ်ယာမဝင်ခင် မျက်နှာသေချာသစ်ပေးပါ။
  • အဆီပါတဲ့ အလှကုန်ပစ္စည်းတွေ မသုံးပါနဲ့။
  • နေရောင်ခြည်နဲ့ ခဏခဏမထိပါနဲ့။ Suncreen လိမ်းပေးပါ။ အပြင်ထွက်ရင် ဦးထုပ်ဆောင်းပါ။

ချွေးပေါက်ကျဉ်းစေမယ့် အကောင်းဆုံးနည်းလမ်းတွေ

၁။ ရေခဲတုံး

ရေခဲတုံး တွေကို မျက်နှာပေါ်မှာ ၁၀ စက္ကန့်ကနေ စက္ကန့် ၂၀ လောက်ပွတ်ပေးပါ။ ရေခဲနဲ့ တိုက်ရိုက်မပွတ်ပေးဘဲ အဝတ်သန့်တစ်ခုထဲ ရေခဲထည့်ပြီး မျက်နှာပေါ်မှာ ပွတ်လိမ်းပေးရမှာပါ။

ပြီးရင်တော့ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးပါ။ မနက်တစ်ကြိမ် ညနေတစ်ကြိမ်လုပ်ပေးပါ။ ခဏခဏတော့ မလုပ်ပါနဲ့။ ခဏခဏ ရေဆေးချပေးရင် အရေပြား နီရဲ ယားယံတာမျိုးဖြစ်စေပါတယ်။

၂။ ဒိန်ချဉ်

သဘာဝဒိန်ချဉ်မှာ Probiotic နဲ့ Antibacteria ဓာတ်တွေပါဝင်ပြီး မျက်နှာပေါ်က အရေးကြောင်းတွေကို သက်သာစေသလို ဝက်ခြံလည်းပျေက်စေပါတယ်။ ချွေးပေါက်ကိုလည်း ကျဉ်းစေပြီး အသားအရေကို ကြည်လင်စေပါတယ်။

ဒိန်ချဉ်ကို ဇွန်းနဲ့သေချာမွှေလိုက်ပြီး မျက်နှာပေါ်မှာ ပွတ်ပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ရေအေးအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ကြိမ်လုပ်ပေးပါ။

၃။ ကြက်ဥအကာနဲ့ သံပုယိုရည်

ကြက်ဥဟာ အသားအရေကို တင်းတင်းရစ်ရစ်ဖြစ်စေပြီး အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ကြက်ဥအကာ ၂ လုံး ထဲကို သံပုယိုသီး တစ်ခြမ်းညှစ်ထည့်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာခြောက်အောင်ထားပြီး ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ကွေကာအုတ်အမှုန့်ထည့်ပြီး အသုံးပြုလည်းရပါတယ်။