အုတ်ဂျုံဆိုတာကတော့ ကွေကာအုတ်လုပ်တဲ့အမှုန့်ပါနော်။ အုတ်ဂျုံတွေကို စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရပါတယ်။ အုတ်ဂျုံနဲ့ပေါင်းတင်ဖူးသူတိုင်း အုတ်ဂျုံနဲ့ပေါင်းတင်တာ ဘယ်လိုအကျိုးရှိတယ်ဆိုတာကိုသိကြမှာပါနော်။ အုတ်ဂျုံဟာ မျက်နှာပေါ်ကဆဲလ်သေတွေ၊ အညစ်အကြေးတွေကို သန့်စင်ပေးပြီး အသားအရေကို ကြည်လင်ဝင်းစေပါတယ်။
နည်းလမ်း ၁
ပါဝင်ပစ္စည်း
အုတ်ဂျုံလက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြင်ဆင်ခြင်း
ပါဝင်ပစ္စည်းနှစ်မျိုးကိုသေချာရောလိုက်ပါ။ ပြီးရင်မျက်နှာကိုအရင်သစ်ပြီး ခြောက်အောင်သုတ်ကာ လိမ်းပေးလိုက်ပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်ထိထားပြီး ရေဆေးချပေးလိုက်ပါ။ ပြီးရင် ခရင်မ်တမျိုးမျိုးလိမ်းပေးထားရပါမယ်။ ၂ ပတ်ကို တစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။
နည်းလမ်း ၂
အုတ်ဂံျု စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်ဥအနှစ် ၁ လုံး
ပြင်ဆင်ခြင်း
ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောလိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထိထားပါ။ ပြီးရင် သေချာဆေးချလိုက်ပါ။ အဲဒီနောက်ခြောက်အောင်သုတ်ပြီး ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါနော်။