နေ့ဘက်မှာ Day Cream လိမ်းသလို ညဖက်မှာလည်း Night Cream လိမ်းဖို့လိုပါတယ်။

ဈေးကွက်မှာ ရှာဝယ်လို့ရတဲ့ အရည်အသွေးမြင့် ကုန်ပစ္စည်းတွေဆိုရင်လည်း ဈေးကြီးပါတယ်။ သဘာဝပစ္စည်းတွေနဲ့ လုပ်ထားရင် ပိုလို့တောင် ဈေးကြီးပေးဝယ်ရပါသေးတယ်။ ဒီတော့ သဘာ၀ ပါဝင်စ္စည်းတွေကို ညလိမ်းခရင်မ်အဖြစ်ပြောင်းလဲပြီး ကြည်လင်စိုပြေတဲ့ အသားအရေကို အရယူလိုက်ရအောင်လားရှင့်။

ပါဝင်ပစ္စည်း

ရှားစောင်းလက်ပက် အနှစ် စားပွဲတင်ဇွန်း၂ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ခွက်အသေးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကိုရောလိုက်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာသစ်ပြီး အဲဒီ ညလိမ်းခရင်မ်ကိုလိမ်းပါ။ ညတိုင်းလုပ်ပေးပါ။ အသားအရေ စိုပြေ ကြည်လင်လာမှာဖြစ်ပါတယ်။

လိမ်းလို့မကုန်ရင် အလုံပိတ် ဘူးတစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါတယ်။ တစ်လလောက်ဆိုရင် သိသာလာမှာပါ။