အဆီပြန်တတ်တဲ့အသားအရေဆိုရင် အသားအရေကို အထူးဂရုစိုက်ဖို့သလို မိတ်ကပ်တွေ အလှကုန်ပစ္စည်းတွေ ဝယ်ယူရာမှာလည်း ဂရုတစိုက် ရွေးချယ်ဝယ်ယူဖို့လိုအပ်ပါတယ်။ အဆီပြန်တတ်လို့ ဖုန်နဲ့ အညစ်အကြေးတွေ အလွယ်တကူ ကပ်ညှိနိုင်တာကြောင့် ဝက်ခြံဖြစ်လွယ်ပြီး ချွေးပေါက်ပိတ်တာ ချွေးပေါက်ကျယ်တာမျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့် အဆီပြန်တတ်တဲ့အသားအရေအတွက် ပေါင်းတင်နည်းကို မျှဝေပေးချင်ပါတယ်။

၁။ ကြက်ဥနဲ့ သံပုယိုရည်

ကြက်ဥ အနှစ် ၂ လုံး

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးကို ရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပြီး Tissue စက္ကူနဲ့ ကပ်လိုက်ပါ။ ပြီးရင် ခြောက်အောင်ထားပြီး သစ်ရှူးစက္ကူကိုခွာလိုက်ပါ။ ပြီးရင် ရေအေးအေးနဲ့ဆေးချလိုက်ပါ။

၂။ နှင်းဆီရေ နဲ့ နာနတ်သီး

နှင်းဆီရေ စားပွဲတင်ဇွန်း ၂ ဇွန်း

နာနတ်သီးအရည် စားပွဲတင်ဇွန်း ၄ ဇွန်း

(Gelatin) ဂျယ်လီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို ရောပြီး အိုးအသေးတစ်လုံးထဲထည့်ပါ။ ပြီးရင် အပူချိန်နည်းနည်းနဲ့ ခဏလောက်အပူပေးပြီး အခြောက်ခံပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းနားတစ်ဝိုက်ကို လိမ်းလိုက်ပါ။ ပြီးရင် ခြောက်အောင်ထားပြီး ရေဆေးချလိုက်ပါ။

၃။ သင်္ဘောသီးနဲ့ ပျားရည်

သင်္ဘောသီးအရည် ခွက် ၁/၄ ပုံ

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

Gelatin (ဂျယ်လီမှုန့်) လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို ရောလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းနားကို လိမ်းပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင် မျက်နှာပေါ်ကနေ ခွာချလိုက်ပါ။ အဲဒီနောက် ရေအေးအေးလေးနဲ့ ဆေးချပေးပါ။

၄။ သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်

သစ်ကြမ်းပိုးခေါက်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး မျက်နှာပေါ်မှာလိမ်းပေးလိုက်ပါ။ ပြီးရင် သစ်ရှူးစက္ကူလေးတွေကပ်ပေးလိုက်ပါ။ ခြောက်အောင်ထားပြီးရင် စက္ကူကို ခွာချလိုက်ပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချပါ။