အုန်းဆီကိုဆိုရင် ဆံကေသာအတွက်ပဲ အသုံးဝင်တယ်လို့ အထင်မှားကြပါတယ်။ တကယ်တော့ အုန်းဆီဟာ ဆံကေသာကို နက်မှောင်ထူစေရုံသာမက အသားအရေအလှပအတွက်လည်းအသုံးပြုနိုင်ပါတယ်။

၁။ အသားအရေအမျိုးအစားအားလုံးအတွက် အသုံးပြုနိုင်တယ်။

သင်ဟာ ဘယ်လိုအသားအရေအမျိုးအစားပဲဖြစ်ပါစေ အုန်းဆီကို အသုံးပြုနိုင်ပါတယ်။ အသားအရေကိုစိုပြေစေပြီး ပြန်လည်နုပျိုစေဖို့ အုန်းဆီလိမ်းပေးနိုင်ပါတယ်။

၂။ အရေးကြောင်းတွေကိုကာကွယ်ပေးတယ်။

အုန်းဆီကို အရေးကြောင်းတွေသက်သာပျောက်ကင်းဖို့အတွက်လည်း အသားအရေ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့အတွက် အသုံးပြုပေးနိုင်ပါတယ်။

၃။ အနာကျက်စေတယ်။

ထိခိုက်ရှနာတာမျိုးဖြစ်လာတာ၊ အရေပြားယားယံတာမျိုးကို အုန်းဆီလိမ်းပေးနိုင်ပါတယ်။

၄။ ဝက်ခြံ

ဝက်ခြံရှိတဲ့သူတွေအတွက်လည်း အုန်းဆီကိုအသုံးပြုနိုင်ပါတယ်။ အုန်းဆီဟာ ဝက်ခြံလေးတွေဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို  သေစေနိုင်ပါတယ်။

၅။ အသားအရေကို အဟာရဖြည့်ပေးတယ်။

အသားအရေဆိုတာလည်း အဟာရဓါတ်လိုအပ်ပါတယ်။ အသားအရေ နုပျိုစိုပြေစေဖို့ အုန်းဆီကို လိမ်းပေးနိုင်ပါတယ်။

၆။ မျက်နှာပေါင်းတင်နိုင်တယ်။

အုန်းဆီရယ် ပျားရည်ရယ် သကြားရယ် နည်းနည်းဆီရောပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပေးလိုက်ပါ။

၇။ ချေးချွတ်နိုင်တယ်။

အုန်းဆီကို သကြားနဲ့ရောပေးပြီး ခန္တာကိုယ်တစ်ခုလုံးကို ချေးချွတ်ပေးလို့ရပါတယ်။ အုန်းဆီ သကြားနဲ့ရောထားတာကို ခန္ဓာကိုယ်အနှံ့လိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လောက် ငြင်သာစွာ ပွတ်ပေး နှိပ်နယ်ပေးကာ ရေချိုပေးပါ။

၈။ တဒေါင်ဆစ်မည်းတာကို သက်သာစေတယ်။

တဒေါင်ဆစ်မည်းလို့ စိတ်ညစ်နေသူတွေအတွက် အုန်းဆီကို တစ်နေ့ ၂ ကြိမ် ပုံမှန်လိမ်းပေးပါ။