ဆန်ဟာ အာဟာရအပြည့်ပါရှိသလို သင့်ကို အားပြည့်စေရုံသာမက ဆန်ကို အလှပအတွက်လည်း အသုံးပြုလို့ရပါတယ်။ ဆန်မှာ Antioxidant, သတ္တုဓာတ်, Vitamin E, နဲ့ တခြားအာဟာရဓာတ်တွေပါဝင်ပြီး သင့်ကျန်းမာရေးအတွက်ကောင်းမွန်သလို အလှပအတွက်လည်း အသုံးပြုနိုင်ပါတယ်။

ထမင်းရည်ရဖို့အတွက် ဆန် ခွက်တစ်ဝက်နဲ့ ရေ ၄ ခွက် ပါရပါမယ်။ အရင်ဆုံး ရေကို ပွက်ပွက်ဆူအောင်သည်ပြီးမှ ဆန်ထည့်လိုက်ပါ။ ပြီးရင် မိနစ် ၂၀ လောက်သည်ထားပါ။ အဲဒီနောက် ထမင်းရည်ရလာပါပြီ။ ထမင်းရည်ကို ခွက်တစ်လုံးထဲထည့်ထားပြီး ရေခဲသေတ္တာထဲမှာ ရက်အနည်းငယ်ထည့်ထားလိုက်ပါ။

ဆန်ဟာ ပွက်ပွက်ဆူနေတဲ့အချိန်မှာ ဗီတာမင် B ဓာတ်တွေ၊ Folic Acid ဓာတ်တွေနဲ့ Antioxidant တွေဟာ ရေထဲရောက်သွားပြီဖြစ်ပြီး သင့်အတွက် အံ့သြစရာကောင်းတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၁။ သဘာဝပေါင်းဆေး

အရင်ဆုံး ထမင်းရည်နဲ့ ခေါင်းကို ဆေးချလိုက်ပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးမှ ရေဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်နိုင်ပါတယ်။

၂။ အသားအရေအတွက်

ချွေးပေါင်ကျဉ်းစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ UV ဒဏ်ကနေလည်းကာကွယ်ပေးလို့ တိုနာအဖြစ်အသုံးပြုနိုင်ပါတယ်။

ထမင်းရည်နဲ့ မျက်နှာကို လိမ်းပေးပြီး အခြောက်ခံလိုက်ပါ။ အိပ်ယာမဝင်ခင်လုပ်ပေးရပါမယ်။

၃။ ဝက်ခြံပျောက်ဖို့

ထမင်းရည်မှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး ဝက်ခြံကို ကာကွယ်ပေးနိုင်ပါတယ်။ ထမင်းရည်ကို မျက်နှာပေါ်ရှိ ဝက်ခြံပေါ် တစ်နေ့ ၂ ကြိမ်လိမ်းပေးလိုက်ပါ။