သကြားကို များများစားတာ၊ အချိုရည်များများသောက်တာ မကောင်းဘူးဆိုတာ ကျွန်မတို့ အားလုံးလက်ခံထားကြပါတယ်။ ဒါပေမယ့် သကြားကို သင့်အသားအရေ အလှပအတွက် အသုံးပြုလို့ရပါတယ်။ သကြားဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဆားဝက်ခြံကိုလည်း သက်သာစေပါတယ်။

၁။ အဆီပြန်တဲ့အသားအရေအတွက် သကြား

အဆီပြန်တတ်တဲ့အသားအရေအတွက် သကြားကို အသုံးပြုလို့ရပါတယ်။ သကြား စားပွဲတင်ဇွန်း ၃ ဇွန်း၊ ကြိတ်ထားတဲ့ လိမ္မော်ခွံ စားပွဲတင်ဇွန်း ၁ ဇွန်း၊ လိမ္မော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ရောလိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

၂။ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့

သကြားကို အသုံးပြုပြီး အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ

အမွှေးအမျှင်တွေကို ဖယ်ရှားဖို့အတွက် သကြားကို သုံးနိုင်ပါတယ်။ သကြား စားပွဲတင်ဇွန်း ၁ ဇါန်း၊ သံပုယိုရည် စားပွဲ တင်ဇွန်း ၂ ဇွန်းကို အပူပေးလိုက်ပါ။ သကြားအရေပျော်တဲ့ထိထားပါ။ အရည်ပျော်သွားရင် အအေးခံပါ။ အရမ်းပျစ်ပျစ်ကြီးဖြစ်နေရင် ရေနည်းနည်းထည့်လို့ရပါတယ်။ အဲဒါကို သင်မလိုချင်တဲ့ အမွှေးတွေရှိတဲ့နေရာမှာ လိမ်းပေးပါ။ ပြီးရင် ခြောက်အောင်ထားပြီး ခွာချလိုက်ပါ။ အဲဒီနောက် ရေဆေးချလိုက်ပြီး ခရင်မ်လိမ်းပေးထားပါ။ တစ်ပတ် ၂ ကြိမ်လုပ်ပါ။

၃။ ခြောက်သွေ့ အက်ကွဲတဲ့ အသားအရေအတွက်

ခြေထောက်ပဲဖြစ်ဖြစ် နှုတ်ခမ်းသားပဲဖြစ်ဖြစ် ခြောက်သွေ့အက်ကွဲတာသက်သာဖို့ သကြားကိုသုံးနိုင်ပါတယ်။ သကြား စားပွဲတင်ဇွန်း ၃ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို ရောလိုက်ပြီး နှုတ်ခမ်းနဲ့ ခြေထောက်နားကို လိမ်းပေးပါ။ ပြီးရင် ၅ မိနစ်လောက် ညင်သာစွာ ပွတ်ပေးရပါမယ်။ အဲဒီနောက် ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။

လက်မောင်းသား၊ ဒူးခေါင်းနဲ့ ချိုင်းကြားအသားအရေအတွက်လည်း သုံးနိုင်ပါတယ်။ သံလွင်ဆီ ရှာရခက်ရင် အုန်းဆီကို အစားထိုး သုံးပေးနိုင်ပါတယ် နော်။

၄။ ဝက်ခြံသက်သာဖို့

သကြား စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၅ ဇွန်းလိုအပ်ပါတယ်။ အရင်ဆုံး သကြားကို ရေနည်းနည်းနဲ့ အရည်ပျော်အောင် သည်လိုက်ပါ။ ပြီးရင် ပျားရည်ထည့်ပါ။ အဲဒီနောက် အေးအောင်ထားပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားကာ ရေဆေးချလိုက်ပါ။ တစ်ပတ်ကို  ၃ ကြိမ်လုပ်နိုင်ပါတယ်။