အသားအရေခြောက်ပြီး မျက်နှာပေါ်မှာ အမည်းစက်ရှိနေသူတွေအတွက် သဘာဝအတိုင်း အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့ သဘာဝပေါင်းတင်နည်းကိုမျှဝေပေးချင်ပါတယ်။ အသားအရေကို ပိုပြီး ကြည်လင်စိုပြေလာစေမှာဖြစ်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်သလို၊ ခြောက်သွေ့ကြမ်းတမ်းတဲ့အသားအရေကို နူးညံ့ချောမွေ့လာစေမှာဖြစ်ပါတယ်။

ငှက်ပျောသီးမှာ သဘာဝအဟာရဓာတ်တွေပါဝင်ပြီး သင့်အသားအရေကို သဘာဝအတိုင်း စိုပြေစေသလို အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

အုတ်ဂျုံနဲ့ပေါင်းလိုက်တဲ့အခါမှာတော့ မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးပြီး သင့်အသားအရေကို လန်းဆန်းလာစေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

ငှက်ပျောသီးမှည့် တစ်ခြမ်း

အုတ်ဂျုံ စားပွဲတင်ဇွန်း (၁) ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ငှက်ပျောသီးကို ပြဲသွားအောင်လုပ်လိုက်ပါ။ ပြီးသွားရင် အုတ်ဂျုံထည့်လိုက်ပါ။ အဲဒီနောက် သေချာရောသွားအောင်မွှေပါ။

အသုံးပြုနည်း

ပြီးရင်မျက်နှာကို အရင်စင်အောင်သစ်ရပါမယ်။ အဲဒီနောက် ခြောက်အောင်သုတ်ပြီး စောစောက ကိုယ်လုပ်ထားတဲ့ ငှက်ပျောသီး၊ အုတ်ဂျုံရောထားတာကို မျက်နှာပေါ်မှာလိမ်းပေးပါ။

(၁၀) မိနစ်လောက်ထားပြီး ရေနွေးနွေးလေး (သို့) ရေအေးအေးနဲ့ ဆေးချပေးနိုင်ပါတယ်။

ပြီးသွားရင်တော့ မျက်နှာကို တဘက်နဲ့ သေချာခပ်ဖွဖွလေးသုတ်ပေးပြီး တိုနာ နဲ့ Moisturizer လိမ်းပေးထားပါ။

ညအိပ်ယာမဝင်ခင်လုပ်ပေးတာပိုကောင်းပါတယ်။ ညဖက်မှာ ဆဲလ်သစ်တွေ ထုတ်ပေးပြီး သင့်အသားအရေကို ကျန်းမာစေတာကြောင့်ပါ။

တစ်ပတ်ကို ၂ ကြိမ် လုပ်ပေးနိုင်ပါတယ်။ စာဖတ်သူတို့အားလုံး လှပစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ကြပါစေရှင်။