အသက် ၆၀ အရွယ်ဆိုပေမယ့် ၄၀ လောက်ပဲထင်ရတဲ့သူတွေကို တွေ့ဖူးကြမှာဖြစ်သလို အသက် ၃၀ သာရှိသေးပေမယ့် ၅၀လို့ထင်ရတဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပါ။

ဒါ့ကြောင့် ဒီလိုအသက်ကြီးရင့်တယ်လို့ ထင်စေတဲ့ အပြုအမှုတွေ အကျင့်ဆိုးတွေကို မျှဝေလိုက်ပါတယ်။

နေရောင်ဒဏ်ကာကွယ်ပေးမယ့် Sunscreen မလိမ်းခြင်း

အပြင်သွားတဲ့အခါ နေလောင်ဒဏ်ခံနိုင်တဲ့ ခရင်မ်မလိမ်းဘူးဆိုရင်တော့ သင့်ကို အရေးကြောင်းတွေ နေလောင်ဒဏ်အမည်းစက်တွေ ဖြစ်ပေါ်စေပါတယ်။ အင်္ကျီ လက်ရှည်ဝတ်ထားရင် ဘာမှမဖြစ်ပေမယ့် လက်ပြတ်ဝတ်တဲ့အခါမှာတော့ နေလောင်ဒဏ်ကိုပိုပြီးခံရပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာကလည်း သင့်ကို သာမန်ထက် အိုမင်းရင့်ရော်စေပါတယ်။

ဒေါသထွက်အာဃာတထားခြင်း

ဒေါသထွက် အာဃာတထားတာဟာ အိုမင်းရင့်ရော်စေတဲ့ အပြုအမူတစ်ခုပါပဲ။ အာဃာတထားတဲ့သူတွေဟာ အဲဒီအညှိုးတွေကြောင့် အမြဲပူလောင်ပြီး သူကိုကြည့်ရတာလည်း ဘယ်တော့မှ ပျော်ရွှင်နေမှာမဟုတ်ပါဘူး။

နေပူထဲထွက်တဲ့အချိန်မှာ နေကာ မျက်မှန်မတပ်ခြင်း

နေပူထဲထွက်တဲ့အချိန် နေကာမျက်မှန်မတပ်တာဟာ နေရောင်ကနေ အလင်းပြန်တာကိုအဓိကခံရပြီး မျက်လုံးကိုထိခိုက်စေပါတယ်။ ဒါ့အပြင် အမြဲ မျက်မှောင်ကြုံ့ထားရလို့လည်း အရေးကြောင်းဖြစ်ပေ ါ်စေပါတယ်။

မှောက်လျက်အိပ်ခြင်း

မျက်နှာကို ခေါင်းအုံးနဲ့အပ်ပြီး မှောက်လျက်အိပ်တာဟာ သင့်ကို အိုမင်းရင့်ရော်စေတဲ့အပြုအမူတစ်ခုပါ။ ခေါင်းအုံးမှာ ဘက်တီးရီးယားပိုးမွှားတွေရှိနေပြီး ရက်တွေ နှစ်တွေ ကြာလာတာနဲ့အမျှ အရေးကြောင်းဖြစ်ပေါ်စေမှာစြဖ်ပါတယ်။

ဖုန်းအလွန်အကျွံသုံးခြင်း

ဒီကနေခေတ်မှာတော့ ဖုန်းကို အင်တာနက်ကြည့်ဖို့ အဓိကအသုံးပြုကြပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခုမဟုတ်ပါဘူး။ အမြဲလိုလို ဖုန်းကိုငုံ့ငုံ့ပြီးကြည့်တာဟာ လည်တိုင်အရှေ့မှာ အရေးကြောင်းတွေ ဖြစ်ပေါ်လာနိုင်သလို ဇက်ကြောတက်ပါတယ်။

အစားအစာနဲ့ အလှကုန်ပစ္စည်း

အာဟာရပြည့်ဝတဲ့အစားအစာတွေစားတာနဲ့ အရည်အသွေးညံ့တဲ့ အလှကုန်ပစ္စည်းတွေအသုံးပြုတာလည်း အိုမင်းရင့်ရော်စေပါတယ်။