အမည်းစက်ကင်းစင်ပြီး ကြည်လင်ရှင်းသန့်တဲ့ အသားအရေကိုလူတိုင်း ပိုင်ဆိုင်ချင်ကြတာမဆန်းပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေဟာ အလှပအတွက်ဆိုရင် ငွေကြေးဘယ်လောက်ကုန်ကုန် အကုန်အကျခံတတ်ကြပါတယ်။ တခါတလေတော့လည်း သဘာဝနည်းလမ်းလေးတွေက စိတ်အချရဆုံးမို့ သဘာဝနည်းလမ်းလေးတွေကို အသုံးပြုပေးဖို့ ညွှန်းဆိုချင်ပါတယ်။ သင့်အသားအရေကို လန်းဆန်းစေပြီး ညီညာ ဖြူဝင်းစေမယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

နည်းလမ်း (၁)

ပါဝင်ပစ္စည်း

အသားအရေညီညာ ဖြူဝင်းစေမယ့် သဘာဝပေါင်းတင်နည်းတွေ

နနွင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုသီး တစ်ခြမ်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲကို နနွင်းထည့်လိုက်ပါ။ပြီးရင် သံပုယိုသီးကို အရည်ညှစ်ပြီး သေချာမွှေပေးပါ။ အဲဒီနောက် မျက်နှာပေါ်မှာ လိမ်းပေးထားပြီး ၁၅ မိနစ်လောက်ထားပါ။

ပြီးရင် ရေအေးအေးနဲ့ဆေးချလိုက်ပါ။ အဲဒီနောက် ခြောက်အောင်သုတ်ပြီး Moisturizer လိမ်းပေးထားပါ။ ညအိပ်ယာမဝင်ခင်လုပ်ပေးတာ ပိုကောင်းပါတယ်။

နည်းလမ်း ၂

ကုလားပဲမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံပုယိုရည် (သို့) နွားနို့

ပြုလုပ်နည်း

အဆီပြန်တတ်တဲ့အသားအရေအတွက် ကုလားပဲမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပြီးရောလိုက်ပါ။ ခြောက်သွေ့တဲ့အသားအရေအတွက်ကတော့ သံပုယိုရည်အစား ဒိန် (သို့) ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပေးနိုင်ပါတယ်။

ပြီးရင်သေချာမွှေပေးပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။ အဲဒီနောက် ခြောက်အောင်သုတ်ပြီး Moisturizer လိမ်းပေးထားပါ။ ညအိပ်ယာမဝင်ခင်လုပ်ပေးတာ ပိုကောင်းပါတယ်။