မိန်းကလေးပေမယ့် ဟိုမုန်းအပြောင်းအလဲကြောင့် နှုတ်ခမ်းမွေးရေးရေးပေါက်နေတာတို့၊ မေးစေ့အောက်အမွေးပေါက်နေတာတို့ကြောင့် စိတ်ပျက်မိကြမှာပါ။ ဇာဂနာတွေပါတွေနဲ့ ဆွဲနှုတ်ပေမယ့် နာတာပဲအဖတ်တင်ပြီး ပြန်ပေါက်တာပါပဲ။ အဲ့ဒါကမှတော်သေး။ မျက်နှာတစ်ပြင်လုံးမှာ အမွေးနုရေးရေးလေးတွေပေါက်နေရင် လုပ်ရပိုခက်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့အတွက်လည်း သဘာဝနည်းလမ်းတွေရှိပါသေးတယ်။ စာဖတ်ပရိတ်သတ်တွေအတွက် လွယ်ကူမယ့်နည်းလမ်းတစ်မျိုးကို တင်ဆက်ပေးလိုက်ပါပြီနော်။

ပါဝင်ပစ္စည်းများ

  • ပဲမှုန့် (၂)ဇွန်း

  • နနွင်းမှုန့်  (ဇွန်း၏ ၄ပုံ ၁ပုံ)

  •  နွားနို့  (၄ဇွန်း)

  • သံပုယိုရည်  (၁ဇွန်း)

  • အုန်းဆီ (၁ဇွန်း)

* လက်ဖက်ရည်ဇွန်းနှင့် ချိန်၍အသုံးပြုပါ။

ပြင်ဆင်ပုံ

ပါဝင်ပစ္စည်းအားလုံးကို ဇလုံးတစ်ခုထဲတွင် ရောထည့်ပြီး အနှစ်ပျစ်ပျစ်ဖြစ်လာသည်အထိမွှေပေးပါ။ မကြာခင် အဝါရောင်အနှစ်ပျစ်ပျစ်ကလေးရလာပါလိမ့်မယ်။

အသုံးပြုပုံ

၁။ ရလာတဲ့ အဝါရောင်အနှစ်ကို မျက်နှာအနှံ့ ထူထူလေးလိမ်းပေးပါ။ (မျက်ခွံ၊ မျက်ခုံးနေရာ မထိစေရ။)

၂။ အမွှေးအမျှင်ဖယ်ရှားချင်တဲ့ နေရာတစ်ဝိုက်ကို သေချာပျံ့အောင်လိမ်းပေးပါး။

၃။ (၁၀)မိနစ်လောက် အခြောက်ခံထားပါ။

၄။လက်ချောင်းလေးနဲ့ အသာအယာပွတ်ပြီး ခွာပစ်ပါ။

၅။ ခွာလို့ပြီးသွားတာနဲ့ မျက်နှာကို ရေနွေးနဲ့ဆေးပေးပြီး နူးညံ့တဲ့ မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေးပါ။

အားလုံးပြီးသွားရင်တော့ မျက်နှာကိုမှန်ထဲကြည့်ကြည့်လိုက်ပါ။ ထူးခြားသွားပါလိမ့်မယ်။

Source and Cover Picture: Bright Side