မျက်နှာအဆီပြန်တတ်ပြီး ချွေးပေါက်တွေကျယ်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်းကောင်းကို မျှဝေပေးသွားမယ်နော်။ အဆီပြန်တတ်တဲ့သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ နွေရာသီမှာ နေလောင်ထားတဲ့ အသားအရေကို ပြုပြင်ပေးဖို့နဲ့ အမည်းစက်တွေကိုလည်း သက်သာစေပါတယ်။

ပါဝင်ပစ္စည်း

သခွားသီး

ရှားစောင်းလက်ပက်အနှစ်

အုန်းဆီ (သို့) အဆီတမျိုးမျိုး

ပြုလုပ်နည်း

သခွားသီး အနေတော်တစ်လုံးကိုယူလိုက်ပါ။ ပြီးရင် အခွံနွှာလိုကပြီး သခွားသီးကို ခြစ်ချပေးလိုက်ပါ။

ဒုတိယအဆင့်အနေနဲ့ အုန်းဆီထည့်လုက်ပါ။ အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြစ်ပါတယ်။ (မျက်နှာအဆီပြန်တတ်ရင် နည်းနည်းပဲထည့်ပါ)။

တတိယအဆင့်အနေနဲ့ ရှားစောင်းလက်ပက်အနှစ်ကို ထည့်ပေးရပါမယ်။ ရှားစောင်းလက်ပက်ဟာ သင့်အသားအရေကို နူးညံ့စိုပြေစေမှာဖြစ်ပါတယ်။

ပြီးရင် သေချာမွှေပေးလိုက်ပြီး မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ ၅ မိနစ်ကနေ ၁၀ မိနစ်ထိထားပြီး ရေဆေးချပါ။

နေလောင်ထားလို့ ညိုမည်းနေတဲ့အသားအရေကိုပြန်ပြီးပြုပြင်ပေးသလို၊ သင့်အသားအရေကို လန်းဆန်းစိုပြေစေမှာဖြစ်ပါတယ်။ မျက်အိတ်ဖောင်းတာ၊ မျက်ကွင်းညိုတာမျိုးလည်း မရှိတော့ပါဘူး။