ရှားစောင်းလက်ပက်ကို အလှအပအတွက် များစွာအသုံးပြုကြတာကို စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။
အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း အလှကုန်ပစ္စည်းတော်တော်များများကို စားရှောင်းလက်ပက်နဲ့ ထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပက်မှာ ဗီတာမင် C , E , Antioxidants, Beta Carotene ဓါတ်တွေပါဝင်ပြီး အသားအရေနဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒီတော့ မျက်နှာအသားအရေအတွက် ရှားစောင်းလက်ပက်ကို အသုံးပြုမယ်ဆိုရင် သံသယဖြစ်စရာ ရှိမယ်မထင်ပါဘူး။
ပါဝင်ပစ္စည်း
ရှားစောင်းလက်ပက်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
သံပုရာသီး စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကိုရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာသစ်ပြီး သေချာသုတ်ပေးပါ။ အဲဒီနောက် စောစောကလုပ်ထားတဲ့ ရှားစောင်းလက်ပက်ကို လိမ်းပါ။ မျက်နှာနဲ့ လည်ပင်းကို ထူထူလိမ်းပေးပါ။ မျက်လုံးနားကိုတော့ ရှောင်ပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပါ။
တစ်ပတ်ကို ခေါက်လောက်လုပ်ပါ။ တစ်လဆိုရင် သိသာတဲ့ရလဒ်ရမှာပါ။