မင်္ဂလာပါနော်။ ဝက်ခြံဆိုတာ အရွယ်ရောက်ပြီး လူငယ်တွေအများစု ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။ ဝက်ခြံကြောင့် မလှမှာ စိုးရိမ်မနေပါနဲ့တော့။ သဘာဝနည်းလမ်းတွေနဲ့ ဝက်ခြံကို တိုက်ဖျက်လိုက်ရအောင်။

၁။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်က ဝက်ခြံသက်သာပျောက်ကင်းစေတဲ့ အိမ်တွင်းဆေးနည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရှားစောင်းလက်ပက်မှာ ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး ဝက်ခြံကို ထိထိရောက်ရောက်တိုက်ဖျက်နိုင်ပါတယ်။

ရှားစောင်းလက်ပက်အနှစ်ကို မျက်နှာပေးလိမ်းပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ ရှားစောင်းလက်ပက်ကို ဖျော်ရည်လုပ်ပြီး သောက်ပေးရင်လည်း အဆိပ်အတောက်ကင်းစင်ပြီး အသားအရေလှစေမှာဖြစ်ပါတယ်။

၂။ ကြက်ဥအကာ

ကြက်ဥအကာမှာ အဟာရဓါတ်တွေများစွာပါဝင်ပြီး ဝက်ခြံကိုထိရောက်စွာသက်သာပျောက်ကင်းစေပါတယ်။ ကြက်ဥတစ်လုံးထဲရှိရုံနဲ့ ဝက်ခြံပြဿနာတွေကို ဂွဒ်ဘိုင်လို့ပြောလို့ရနေပြီနော်။ ကြက်ဥအကာကို သေချာခလောက်ပေးပြီး မျက်နှာပေါ်မှာ ၁၀ မိနစ် ၁၅ မိနစ်လောက် လိမ်းထားပေးပါ။ ပြီးရင် ရေနွးတယ်ဆိုရုံလောက်နဲ့ ဆေးချပါ။

၃။ ပျားရည်

ပျားရည်ဟာ ကျန်းမာရေးအတွက်ရော အဟာရအတွက်ရော များစွာအကျိုးကျေးဇူးရှိပါတယ်။ ပျားရည်ကို ဝက်ခြံရှိတဲ့နေရာတွေမှာ လိမ်းပေးပြီး ၁၀ မိနစ် ၁၅ မိနစ်လော်ကထားပါ။ ပြီးရင် ရေနွေးတယ်ဆိုရုံလောက်နဲ့ ဆေးချပေးပါ။

၄။ မုန့်ဖုတ်ဆိုဒါ

Baking Soda လို့ခေါ်တဲ့ မုန့်ဖုတ်ဆိုဒါဟာ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို နက်ရှိုင်းစွာသန့်စင်ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းနဲ့ရောပြီး ဆားနည်းနည်းထည့်ကာ ဝက်ခြံပေါ်တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။ ပြီးရင်မျက်နှာတစ်ခုလုံးကိုလိမ်းပေးပြီး နာရီဝက်လောက်ထားကာ ရေနွေးတယ်ဆိုရုံလောက်နဲ့ ဆေးချပါ။

၅။ အုန်းဆီ

အုန်းဆီကို ဝက်ခြံပျောက်ဖို့အတွက် အသုံးပြုမယ်လို့တွေးဖူးပါသလား။ အုန်းဆီမှာ သဘာဝအတိုင်း ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီး ဝက်ခြံကြောင့် ရောင်ရမ်းမှုတွေကို လျှော့ကျစေပါတယ်။

အုန်းဆီသန့်ကို မျက်နှာပေါ်လိမ်းပေးပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်ထားကာ ရဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်လောက်ပုံမှန်လုပ်ပေးပါ။