ဝက်ခြံပြဿနာကို ကျွန်မတို့ အပျို လူပျိုဖော်ဝင်စကတည်းက ရင်ဆိုင်လာခဲ့ရတာပါ။ ဝက်ခြံကုသနိုင်တဲ့ နည်းလမ်းတွေကို လေ့လာထားသမျှ မျှဝေလိုက်ပါတယ်နော်။

ရေခဲ

ရေခဲကို ဝက်ခြံရောင်တာတွေအတွက်အသုံးပြုနိုင်ပါတယ်။ ရေခဲတုံးသေးသေးလေးတွေက အရောင်ကျစေပါတယ်။ ရေခဲတုံးမဟုတ်လည်း ရေခဲရေနဲပ မျက်နှာသစ်ပေးနိုင်ပါတယ်။ ရေခဲတုံးနဲ့ မျက်နှာပေါ်မှာ လိမ့်ပေးရမှာဖြစ်ပြီး အရမ်းအေးနေမှာစိုးရင် ပုဝါ (သို့) အဝတ်စခံပြီး အသုံးပြုနိုင်ပါတယ်။

နနွင်း

နနွင်းက အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ တကယ်ကို အသုံးဝင်ပါတယ်။ ဝက်ခြံအတွက်လည်းအထူးကောင်းမွန်ပါတယ်။
ဝက်ခြံနာတာကိုပျောက်စေပြီး တဖြည်းဖြည်း အသားအရေကြည်လင်လာစေမှာပါ။ နနွင်းကိုရေနဲ့ ပျစ်ပျစ်ရောပြီး မျက်နှာပေါ်မှာ မိနစ် ၂၀ လောက်လိမ်းကာ သစ်ချပေးပါ။

ပျားရည်

ပျားရည်က ချိုတဲ့အရသာရှိသလို ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိလည်းရှိပါတယ်။ ပျားရည်ကို ပုံမှန်လိမ်းပေးရင် ဝက်ခြံသက်သာပြီး တဖြည်းဖြည်း အသားအရေဝင်းပလာမှာပါ။

ငှက်ပျောခွံ

ငှက်ပျောခွံကို မျက်နှာပေါ်မှာ ပွတ်လိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားကာ မျက်နှာသစ်ချပေးပါ။ ငှက်ပျောခွံကိုပွတ်တဲ့နေရာမှာ အတွင်းသားနဲ့ ပွတ်ပေးရမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကို နေလောင်တာတွေအတွက်ရော ဝက်ခြံအတွက်ပါ အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပက်ကို လိမ်းပေးပြီး ၁၅ မိနစ် မိန် ၂၀ လောက်ထားတာဖြစ်ဖြစ် တညလုံးလိမ်းထားပြီး အိပ်တာဖြစ်ဖြစ် တကယ်ကိုအကျိုးထူးပါတယ်။ ဝက်ခြံပျောက်ကင်းပြီး အသားအရေ စိုပြေလာမှာပါ။

Credit: thelist.com