မျက်နှာကို ချေးချွတ်တဲ့ပုံမျိုးလုပ်ပေးရမှာပါ။ ဒီလိုလုပ်ပေးတာဟာ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ဝက်ခြံကင်းစင်စေပါတယ်။ ချွေးပေါက်ပိတ်တာကိုလည်းဖယ်ရှားပေးတာကြောင့် ဝက်ခြံကင်းတဲ့အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ။

ဒီနည်းလမ်းလေးက အိမ်မှာအလွယ်တကူပြုလုပ်လို့ရပြီးတော့ အသားအရေ ကြည်လင် လတ်ဆတ်စေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

သကြားအညို စားပွဲတင်ဇွန်း ၁ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ခွက်အသေးတစ်လုံးထဲမှာ ရောပြီးထည့်လိုက်ပါ။ ပြီးရင်လက်ချောင်းလေးကိုအသုံးပြုပြီး မျက်နှာပေါ်မှာ ပွတ်လိမ်းပေးပါ။

ပြီးရင် ၂ မိနစ်လောက်ထားပြီး ရေနွေးနဲ့မျက်နှာသစ်ပါ။ ချွေးပေါက်ကျယ်သွားမှာစိုးတာကြောင့် ရေအေး နဲ့ မျက်နှာပြန်သစ်ပေးပါ။