မျက်နှာတစ်ခုလုံး အနာအဆာမရှိပဲ ကြည်လင်ဝင်းပချင်တာက အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါ။ တစ်ခါတစ်လေ မျက်နှာပေါ်မှာ အမဲစက်ကြီးတွေ မြင်နေရရင်ကို လူက စိတ်မကြည်မသာဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်ပါတယ်။

အဲ့ဒီ့အတွက် စာရေးသူဆေးတစ်ခုရှာတွေ့ထားတယ်။ ခက်တယ်မထင်လိုက်နဲ့။ မီးဖိုချောင်မှာမွှေနှောက်ရှာလိုက်ရုံနဲ့ ပါဝင်ပစ္စည်းတွေ ရသွားမှာပါ။ အဲ့ဒါကတော့ အာလူးသံပုယို ရေခဲတုံးပါ။

သံပုယိုသီးမှာ အရည်ပြားကို လင်းပြီးဖြူလာစေပါတယ်။ အာလူးကတော့ အမည်းစက်တွေကို တိုက်ဖျက်ပေးပါတယ်။ အဲ့ဒီ့ပါဝင်ပစ္စည်းအားလုံးရောထားတဲ့ စူပါရေခဲတုံးကတော့ အသားအရေကို ပြန်လည်နုပျိုစေတဲ့အပြင် အမည်းစက်တွေကို သိသိသာသာ သက်သာစေမယ့် အာနိသင်ပါဝင်ပါတယ်။

ပါဝင်ပစ္စည်းများ

အာလူး -၁လုံး

တလဲသီး- ပန်းကန်လုံး တစ်ဝက်

သံပုယိုသီး- တစ်ခြမ်း

ရေခံပုံစံခွက် -တစ်ခု

ပြုလုပ်နည်း

အာလူးတစ်လုံးကို သေချာအခွံနွှာဆေးပြီး ခြစ်ခွက်နဲ့ ခြစ်လိုက်ပါ။

ပြီးတာနဲ့ ဖောျ်ရည်ကြိတ်စက်ထဲ ခြစ်ပြီးသားအာလူး၊ တလဲသီးများ နှင့် သံပုရာရည်ရောထည့်ပြီး ရေတစ်ဇွန်းပါထပ်လောင်းထည့်လိုက်ပါ။ ဇွန်းနဲ့အသာအယာမွှေပေးပြီးတာနဲ့ ကြိတ်ပစ်လိုက်ပါ။

ရလာတဲ့အနှစ်တွေကို ရေခံပုံစံခွက်တွေထဲ လောင်းထည့်ပြီး freezer ထဲ ၆နာရီလောက် (သို့) လုံးဝခဲသွားတဲ့အထိထားလိုက်ပါ။

စူပါရေခဲတုံးရပါပြီ။

အသုံးပြုပုံ

ရေခဲတုံးတစ်တုံးကိုယူပြီး အမည်းစက်ရှိတဲ့နေရာတွေမှာ ပွတ်ပေးပါ။ သေချာပွတ်ပေးပြီးတာနဲ့ ရေအေးနဲ့ဆေးချလိုက်ပါ။

တစ်နေ့နှစ်ကြိမ်လောက်လုပ်ပေးရင်တော့ အမည်းစက်တွေလုံးဝကင်းစင်သွားမှာပါ။\