အသားအရေလှဖို့အတွက် ကျွန်မတို့တွေ ငွေကုန်ကြေးကျအများကြီး ခံကြပါတယ်။ နေ့တိုင်းလည်း မှန်ကြည့်ကြသလို မှန်ကြည့်လိုက်တိုင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိစေဖို့ဆိုတာ အသားအရေလှဖို့လိုအပ်ပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ အရေးကြောင်းတွေ၊အသားအရေခြောက်လာတာတွေကို တားဆီးလို့မရပေမယ့် နှောင့်နှေးသွားအောင် လုပ်လို့တော့ ရနိုင်ပါတယ်။

ပထမနေ့

ပထမနေ့မှာတော့ ရိုးရိုးရှင်းရှင်းမှာ စတင်လိုက်ရအောင်ပါ။ သင့်ရဲ့ မျက်နှာအသားအရေကို အရင်ဆုံး ဂရိုက်လိုက်ရအောင်။ မျက်နှာအသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသန့်စင်ဆေး၊ Moisturizer သုံးပေးပါ။ ညဖက်မှာဆိုရင်လည်း ညလိမ်းခရင်မ်သုံးပေးပါ။ ရေချိုးပြီးရင် Lotion လိမ်းပါ။

ပုံမှန်အိပ်ပါ။ နေ့စဉ် အချိန်မှန်အိပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အိပ်တာဟာ လှစေပါတယ်။

ဒုတိယနေ့ – အနားယူပါ

သူငယ်ချင်းတွေနဲ့ တွေ့ပါ။ သွားပါ။ လာပါ။ ပျောပျော်နေပါ။ Spa သွားလိုက်ပါ။

နေ့စဉ် အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။ ဝင်သက် ထွက်သက်တွေကို သက်သောင့်သက်သာ ထားပါ။ စိတ်ဖိစီးမှုသက်သာစေပြီး သင့်အသားအရေကို ပိုမိုလှပစေပါတယ်။ ပထမနေ့ လုပ်တဲ့အရာကိုလည်း မပျက်အောင်လုပ်ပါ။

တတိယနေ့

နေရောင်နုနုအောက်မှာ မိနစ် ၂၀ လောက်လမ်းလျှောက်ပါ။ နေရောင်ခြည်မှာ ဗီတာမင် D ပါဝင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေသလို အသားအရေလှစေပါတယ်။

Green Tea သောက်ပါ။ Green Tea ဟာ သင့်အသားအရေကို ရေဓာတ်ဖြည့်ပေးရုံသာမက ဓာတ်တိုးပျက်ပျယ်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ ပထမနေ့နဲ့ ဒုတိယနေ့ လုပ်ရမယ့်အရာတွေကိုလည်း မပျက်ပါစေနဲ့။

စတုတ္ထနေ့

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်တွေသောက်ပြီး အဆီကို သဘာဝအတိုင်းချေဖျက်မယ်

သန့်သန့်ရှင်းရှင်းစားပါ။ အာဟာရ မျှမျှတတစားပါ။ ပထမနေ၊ ဒုတိယနေ့၊ တတိယနေ့က လုပ်ဆောင်ချက်တွေကိုလည်း ဆက်လက်လိုက်နာပါ။

ပဉ္စမနေ့

တစ်နေ့ကို မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ပါ။ နှလုံးခုန်နှုန်းကို မြန်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးပါ။ ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပါ။ အရင်နေ့တွေက လုပ်ဆောင်ချက်တွေကိုလည်း လိုက်နာပါ။

ဆဌမနေ့

ဆိုရှယ်ကျကျနေပါ။ မိတ်ဆွေသူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ ညစာစားပါ။ သင့်ဘဝအတွက် အမှတ်ရစေမယ့် အရာမျိုးကို စလုပ်လိုက်ပါ။ ရယ်ရယ်မောမောနေပါ။ အရင်နေ့တွေက လုပ်ဆောင်ချက်တွေကိုလည်း လိုက်နာပါ။

သတ္တမနေ့

စိတ်ဖိစီးမှုကိုလျှော့ချပါ။ အသက်ရှုလေ့ကျင့်ခန်းသာမက စိတ်ဖိစီးမှုကို သက်သာစေတဲ့ ယောဂလေ့ကျင့်ခန်းကိုလည်း လုပ်ပေးပါ။

အဌမနေ့

အိပ်ရေးဝဝအိပ်ပါ။ အိပ်တဲ့အခါမှာ အတွင်းခံတွေ မဝတ်ဘဲ ပေါ့ပေါ့ပါးပါးအိပ်ပေးပါ။ သက်သောင့်သက်သာအိပ်ပါ။

နဝမနေ့

Girl laying in the Grass

အနားယူလိုက်ပါ။ ၈ ရက်လုံးလုံး သင်လုပ်ထားတာတွေ အရာထင်လာမှာဖြစ်ပါတယ်။ အဲဒီလို ပုံမှန်လိုက်နာပေးမယ်ဆိုရင်တော့ သင့်အသားအရေကို ပိုမိုစိုပြေဝင်းပလာစေမှာပါ။

Reference Link: https://www.besthealthmag.ca/best-looks/skin/9-days-to-younger-healthier-looking-skin/