အလှပြင်ပစ္စည်းနဲ့ ပတ်သက်လို့ အဆင့်မြင့် အလှကုန်ပစ္စည်းတွေ အများအပြားရှိနေပေမယ့် သဘာဝပစ္စည်းတွေဟာလည်း သင့်အသားအရေကို ကောင်းမွန်စေပါတယ်။

၁။ ကြက်ဥအကာ

ကြက်ဥအကာဟာဆိုရင် သင့်အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်သလို အညစ်အကြေးတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ ဆားဝက်ခြံတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။

ကြက်ဥကို အနှစ်နဲ့ အကာနဲ့ သတ်သတ်ဆီ ဖယ်လိုက်ပါ။ ပြီးရင် ကြက်ဥအကာကို သေချာလေးမွှေပေးလိုက်ပါ။

အဲဒီနောက် တစ်ရှုးကို ယူလိုက်ပြီး ကြက်ဥအကာထဲကို နစ်လိုက်ကာ မျက်နှာပေါ်မှာ ကပ်ပေးလိုက်ပါ။ အဲဒီနောက် ခြောက်အောင်ထားပြီး အခွံခွာချလိုက်ပါ။ ပြီးရင် မျက်နှာကို ရေနွေးနဲ့ သေချာဆေးလိုက်ပြီး ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင် ခရင်မ်တမျိုးမျိုးလိမ်းပေးလိုက်ပါ။

၂။အာလူး

အာလူးဟာဆိုရင်လည်း သင့်အသားအရေကို သန့်စင်ပေးနိုင်သလို ချွေးပေါက်တွေကိုလည်း ကျဉ်းစေပြီး အသားရေကို ကြည်လင်စေပါတယ်။ အသားအရေကိုလည်း ပိုပြီးဖြူဝင်းစေပါတယ်။

အရင်ဆုံး အခွံနွှာလိုက်ပြီး ရေနွေါ်နဲ့ ပြုတ်လိုက်ပါ။ ပြီးရင် ပြဲသွားအောင်လုပ်ပြီး နွားနို့ (သို့) နို့မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ပြီးရင် သေချာရောလိုက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။

မိနစ် ၂၀ လောက်ထားပြီးရင် ရေနွေးနဲ့ ရေဆေးချလိုက်ပြီး တဘက်နဲ့ ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင် ခရင်မ်တမျိုးမျိုးလိမ်းပေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်လုပ်ပေးပါ။