ဆောင်းရာသီလည်း ရောက်တော့မှာဆိုတော့ အသားအရေကို ပိုပြီး ဂရုစိုက်ထိန်းသိမ်းဖို့လိုပါပြီနော်။ ခြေထောက်ခြောက်သွေ့အက်ကွဲတာနဲ့ ခြေထောက်မှာဖြစ်တတ်တဲ့ မှိုပြဿနာကို အမြန်ဆုံး ဘယ်လိုဖြေရှင်းမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ခြေထောက်အသားအရေ ခြောက်သွေ့အက်ကွဲတာပဲဖြစ်ဖြစ် တခြားဘက်တီးရီးယားတွေကြောင့် ခြေထောက်မှာ မှိုဖြစ်တာ ခြောက်သွေ့ယားယံတာတွေ အတွက် သဘာဝနည်းလမ်းကိုမျှဝေပေးချင်ပါတယ်။ အသားအရေအမျိုးအစား အမျိုးမျိုးနဲ့ သင့်တော်ပြီး မှိုနဲ့ ဘက်တီးရီးယား ပျံ့နှံ့မှုကိုလည်း တားဆီးပေးနိုင်သလို အနံ့ဆိုးတွေကနေလည်း ကာကွယ်ပေးပါမယ်။

ပါဝင်ပစ္စည်း

Aspirin ဆေး ၅ လုံး

သံပုယိုသီး တစ်လုံး (အရည်ညှစ်ပါ)

ခဲလုံးအကြမ်းတစ်လုံး (သို့) ချေးတိုက်တဲ့ Brush တံတစ်ချောင်း

ပြုလုပ်နည်း

အရင်ဆုံး Aspirin ဆေးတွေကို ကြိတ်စက်ထဲထည့်ပြီး အမှုန့်ဖြစ်အောင် ကြိတ်လိုက်ပါ။ ပြီးရင် ခွက်တစ်လုံးထဲထည့်လိုက်ပြီး သံပုယိုသီးတစ်လုံးကို အရည်ညှစ်ထည့်ပါ။ အရမ်းပျစ်နေရင် သံပုယိုရည်ထပ်ထည့်ပါ။

အသုံးပြုနည်း

အရင်ဆုံး ခြေထောက်ကို ရေသေချာဆေးလိုက်ပါ။ ပြီးရင် ခြေောက်အောင်အရင်သုတ်လိုက်ပြီး အခုလုပ်ထားတဲ့ Aspirin နဲ့ သံပုယိုသီးရည်ရောထားတာကို ခြေထောက်မှာလိမ်းလိုက်ပါ။ မိနစ် ၂၀ ကနေ ၃၀ ထိထားပါ။ အဲဒီနောက်ရေနွေးနဲ့ ဆေးချလိုက်ပြီး ကျောက်ခဲ (သို့) ချေးတွန်းတဲ့ Brush နဲ့ တွန်းပေးပါ။ အားလုံးပြောင်သွားပြီဆိုရင် ခြေထောက်ကို ရနွေးနဲ့ သေချာလေးပြန်ဆေးပြီး ခြောက်အောင်သုတ်ပါ။

နောက်ဆုံးအနေနဲ့ ခြေထောက်မှာ ခရင်မ်လိမ်းပေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်ထိလုပ်ပေးနိုင်ပါတယ်။

လှပပြီး နူးညံ့တဲ့ ခြေထောက်တစ်စုံကို ရရှိပိုင်ဆိုင်နိုင်ပါပြီနော်။