အာလူး သခွားသီး ရေခဲတုံးဆိုလို့ ဘာများလဲလို့ စိတ်ဝင်စားသွားပြီလား။ လုပ်ရမှာက လွယ်လွယ်လေးရယ်ပါ။ မျက်နှာပေါ်က အမည်းစက်တွေကို မိတ်ကပ်နဲ့ ဖုံးလို့ရပေမယ့် ဘယ်သူကမှ မျက်နှာပေါ်မှာ အမာရွတ် အမည်းစက်တွေရှိတာ မနှစ်သက်ကြပါဘူး။ အဲဒီအတွက် အာလူး သခွားသီး ရေခဲတုံးကို အသုံးပြုလိုက်ပါ။ မျက်ကွင်းညိုတာကို သက်သာစေမယ့်အပြင် အမည်းစက်နဲ့ တင်းတိပ်တွေကိုပါ လျော့ပါးသက်သာစေသလို အသားအရေကို သဘာဝအတိုင်း ဖြူဝင်းလာစေမှာဖြစ်ပါတယ်။

အာလူး ၁ လုံး

သခွားသီးအသေး ၁ လုံး

သံပုယိုရည်

ရေခဲတုံးလုပ်တဲ့ ခွက်

ပြုလုပ်နည်း

အာလူး ၁ လုံးနဲ့ သခွားသီး ၁ လုံးကို ပါးပါးလှီးလိုက်ပါ။ အာလူးကို အခွံနွှာပါ။ သခွားသီးကတော့ မနွှာလည်းရပါတယ်။ ပြီးရင် ကြိတ်စက်ထဲထည့်ပြီး ကြိတ်စက်လိုက်ပါ။ အဲဒီနောက် သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပြီးထည့်လိုက်ပါ။ အဲဒီနောက် ရေခဲတုံးလုပ်တဲ့ ခွက်ထဲထည့်လိုက်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။

ရေခဲတုံးဖြစ်သွားတဲ့ထိ ထည့်ထားပါ။

ပြီးရင်တော့ ညနေ အပြင်ကပြန်လာရင် မျက်နှာကို သေချာသစ်ပေးပြီး အခုလုပ်ထားတဲ့ အာလူး သခွားသီး ရေခဲတုံးကို မျက်နှာပေါ်မှာ ပွတ်ပေးလိုက်လို့ရပါတယ်။

အသားအရေ ယားယံတာကိုလည်း သက်သာစေပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ၂ ကြိမ်လုပ်ပေးပါ။ တစ်ခါလုပ်ပြီးရင် ၃ ရက် ၄ ရက်လောက်ထိပဲသုံးပါနော်။