အာလူးဆိုတာ လူကြိုက်များတဲ့ အစားအစာတစ်ခုပါပဲ။ ကာဘွန်ဟိုက်ဒရိတ်ဓာတ်ပါဝင်မှုများပြီး အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ အကျိုးရှိပါတယ်။ သင့်အသားအရေအလှပအတွက် အားလူးကို ဘယ်လိုနေရာတွေမှာ အသုံးပြုလို့ရသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
၁။ မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာတွေအတွက်
အာလူးဟာ သင့်မျက်ကွင်းကို သဘာဝအတိုင်း တောက်ပလာစေပါတယ်။ မျက်ကွင်းညိုနေသူတွေအနေနဲ့ အာလူးအစိမ်းကို ပါးပါးလှီးပြီး မျက်လုံးအိတ်မှာ ကပ်ပေးထားပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်ကပ်ပေးထားပြီး ရေဆေးချပါ။
အရေးကြောင်းသက်သာစေဖို့
အာလူးအစိမ်းကို အတုံးလိုက်လှီး ကြိတ်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် ရလာတဲ့အရည်ကို မျက်နှာပေါ်မှာ လိမ်းပေးခြင်းဖြင့် အရေးကြောင်းတွေကို သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။
အမည်းစက်တွေ သက်သာစေဖို့
အာလူးကို ပါးပါးလှီးပြီး မျက်နှာပေါ် ပွတ်ပေးလိုက်ပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။
နေလောင်ထားတဲ့အသားအရေ သက်သာစေဖို့
အသားအရေ နေလောင်ထားလို့ မည်းညစ်နေတဲ့နေတာတွေအတွက် အာလူးကို သုံးလို့ရပါတယ်။ အားလူးကို အတုံးလိုက်လှီး ကြိတ်လိုက်ပြီး ရလာတဲ့အရည်ကို နေလောင်ထားတဲ့နေရာမှာ လိမ်းပေးပါ။ အားလူးကို ပါးပါးလှီးပြီးကပ်ပေးလို့လည်းရပါတယ်။ ပြီးရင် ၁၅ မိနစ် နာရီဝက်လောက်ထားပြီး ရေဆေးချလိုက်ပါ။
အသားအရေ ဖြူဝင်းစေဖို့
အာလူးဟာ အသားအရေကို ဖြူဝင်းစေပါတယ်။ အာလူးကို ပါးပါးလှီး မျက်နှာမှာ ကပ်ပေးပြီး မိနစ် ၃၀ လောက်ထားကာ ရေဆေးချလိုက်ပါ။
Featured Image Source: himachalabhiabhi.com