ဆားဝက်ခြံရှိတာဟာ အလှပကြိုက်တဲ့သူတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုပါ။ ဆားဝက်ခြံများနေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက် နည်းလမ်းကောင်းကို မျှဝေပေးချင်ပါတယ်။
သခွားသီးနဲ့ သကြားကို လွယ်လွယ်ကူကူပဲ အသုံးပြုပေးနိုင်ပါတယ်။
ပါဝင်ပစ္စည်း
သခွားသီး ပါးပါး တစ်စိတ်
သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပြုလုပ်နည်း
သခွားသီးပါးပါးပေါ်ကို သကြားဖြူးလိုက်ပါ။ အဲဒါဆိုရင် သုံးဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ဘယ်လိုသုံးမလဲ
အရင်ဆုံး တဘက်တစ်ခုကိုရေနွေးလေးစွတ်ပြီး နှာခေါင်းပေါ်မှာ ၂ မိနစ်လောက် အုပ်ပေးထားပါ။
ရေနွေးပူပူက ချွေးပေါက်ပွင့်စေမှာဖြစ်ပါတယ်။ဒါဆို ဆားဝက်ခြံဖယ်ရှားဖို့လွယ်သွားပါပြီ။
စောစောလုပ်ထားတဲ့ သကြားနဲ့ သခွားသီးကို ယူပြီး နှာခေါင်းပေါ်မှာ ပွတ်တိုက်ပေးပါ။ ၅ မိနစ်လောက်ပွတ်တိုက်ပေးရမှာဖြစ်ပါပြီ။ သကြားအရည်ပျော်သွားတဲ့ထိလုပ်ပေးပါ။
ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချပေးလိုက်ပါ။ ဒါဆို ချွေးပေါက်လေးတွေ ပြန်ကျဉ်းသွားပါလိမ့်မယ်။
ပြီးရင် တိုနာလိမ်းပေးထားပါ။
ညနေ အပြင်ကပြန်လာပြီး ရေချိုးပြီးရင် ပဲဖြစ်ဖြစ် ရေမချိုးခင်ပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။
ဖြည်းဖြည်းချင်း ဆားဝက်ခြံကင်းစင်တဲ့အသားအရေကို ရရှိပိုင်ဆိုင်လာစေမှာပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်ပုံမှန်လုပ်ပေးပါ။
ရိုးရှင်းတဲ့ပါဝင်ပစ္စည်းနှစ်မျိုးတည်းနဲ့ ဆားဝက်ခြံကင်းစင်တဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်ပါပြီ။