ယနေ့လူငယ်တော်တော်များများ ဝက်ခြံပြဿနာကို ခံစားနေကြရပါတယ်။နေရောင်ခြည်ထိတွေ့မှုများတာ အပြင်မှာသွားလာတာတွေကြောင့် အဆီပြန် ဖုန်မှုန့်တွေကပ်ပါလာနိုင်ပြီး ချွေးပေါက်ပိတ်လို့ ဝက်ခြံလေးတွေ ပိုလို့ဖြစ်စေပါတယ်။ အဖြေရှာရအောင်ပါ။

၁။ တစ်နေ့ကိုမျက်နှာ ၂ ကြိမ်သစ်ပါ။

အရေးကြီးပါတယ်။ မျက်နှာပေါ်က အဆီတွေ ဖုန်မှုန့်တွေကိုဖယ်ရှားနိုင်မှ အသားအရေကြည်လင် သန့်ရှင်းလာမှာပါ။ တစ်နေ့ကို မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ်လောက် ရေနွေးနဲ့ မျက်နှာအရင်သစ် အရည်အသွေးမြင့် မျက်နှာသစ်ခရင်မ်နဲ့ သစ်ပေးပြီး ရေအေးအေးနဲ့ ဆေးချပါ။ ၃ ကြိမ်လောက်သစ်ရင်လည်းအကောင်းဆုံးပါပဲ။ ပြီးရင် သန့်ရှင်းခြောက်သွေ့တဲ့ တဘက်နဲ့ မျက်နှာကို သေချာသုတ်ပေးပါ။

မျက်နှာကို တဘက် (သို့) အဝတ်စနဲ့ ကြမ်းကြမ်းတမ်းတမ်းပွတ်ခြင်းကနေ ရှောင်ကျဉ်ပါ။ မျက်နှာကို တစ်နေ့ ၂ ကြိမ် ၃ ကြိမ်သစ်ရမယ်ဆိုပေမယ့် မကြာခဏသစ်ပေးရင်မသင့်တော်ပါဘူး။ အသားအရေခြောက်သွေ့ပြီး ရောင်ရမ်းလာပါလိမ့်မယ်။

၂။ Moisturizer သုံးပါ။

မျက်နှာသစ်ပြီးရင်အသားအရေကို စိုပြေစေဖို့ Moisturizer လိမ်းပေးဖို့လိုပါတယ်။ အသားရေကို ရေဓါတ်ဖြည့်တင်းနိုင်ပြီး အသာအးရေခြောကသွေ့ခြင်းကနေကာကွယ်ပေးတဲ့ Moisturizer လိမ်းပေးပါ။ Non-Comedogenic Moisturizer ကိုသုံးပေးသင့်ပါတယ်။ အဆီများများပါဝင်တဲ့ Moisturizer က ချွေးပေါက်ပိတ်စေပြီး အသားအရေပေါ်မှာ ဝက်ခြံပိုလို့ဖြစ်စေပါတယ်။

၃။ မျက်နှာကို ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ။

အပြင်မှာလေထုညစ်ညမ်းမှုတွေကြောင့် အရာဝတ္တုတွေမှာ ဘက်တီးရီးယားပိုးတွေကပ်နေပါတယ်။ ဒီဘက်တီးရီးယားတွေကို ထိတွေ့ထားတဲ့ လက်နဲ့ မျက်နှာကို ကိုင်တာဟာ ဝက်ခြံဖြစ်စေပြီး ဝက်ခြံရှိပြီးသားသူတွေလည်း ဝက်ခြံပိုပွားစေသလို ဝက်ခြံကို ရောင်ရမ်းလာစေပါတယ်။

မျက်နှာကိုလက်နဲ့မထိပါနဲ့နော်။

၄။ သဘာဝပစ္စည်းလေးတွေနဲ့ တစ်ပတ်တစ်ကြိမ်လောက်ပေါင်းတင်ပေးပါ။

ဆဲလ်သေလေးတွေကို ဖယ်ရှားပြီး အသားအရေ ကြည်လင်စေဖို့အတွက် တစ်ပတ်တစ်ကြိမ်လောက် ပေါင်းတင်ပေးဖို့လိုပါတယ်။ ဒိန်ချဉ်၊ ထောပတ်သီး၊ ငှက်ပျောသီး မိမိအဆင်ပြေတာနဲ့ ပေါင်းတင်လို့ရပါတယ်။ သဘာဝနည်းလမ်းလေးတွေနဲ့ ပေါင်းတင်နည်းတွေကို MyHealth Myanmar မှာလည်း အများကြီးဖော်ပြထားတယ်နော်။

၅။ မိတ်ကပ်ထူထူလိမ်းခြင်းရှောင်ပါ။

မိတ်ကပ်တွေ ခရင်မ်တွေ များများလိမ်းပေးတာဟာ ချွေးပေါက်ပိတ်စေပြီး ဝက်ခြံဖြစ်စေပါတယ်နော်။ မိတ်ကပ်ထူထူလိမ်းတာမျိုးရှောင်ပါ။

၆။ နေရောင်ချည်ထိတွေ့မှုကနေ ရှောင်ကျဉ်ပါ။

အသားအရေကို နေရောင်ချည်ထိတွေ့မှုကနေရှောင်ကျဉ်ပါ။ နေရောင်ချည်ထိတွေ့မှုများတာဟာ ဝက်ခြံသာမက အမည်းစက်တွေလည်း ဖြစ်စေပါတယ်။ UV ပါတဲ့ မျက်နှာလိမ်းခရင်မ်တွေ Lotion တွေလိမ်းပေးပါ။

၇။ ကျန်းမာရေးနဲ့ညီညွှတ်စွာစားပါ။

ဝက်ခြံဖြစ်စေတဲ့ အသင့်လုပ်အစားအစာတွေ သရေစာတွေ စားပေးတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါတွေဟာ အဆီပြန်စေပြီး ဝက်ခြံဖြစ်စေပါတယ်။ အသီးအနှံများများစားပါ။

၈။ ရေများများသောက်ပေးပါ။

တစ်နေ့ကို ရေ ၈ ခွက်လောက် သောက်ပေးသင့်ပါတယ်။ မနက်အိပ်ယာနိုးနိုးချင်း ရေ ၃ ခွက် ၄ ခွက်လောက်သောက်ပြီး တစ်နေ့တာကို စတင်ပါ။