မိန်းကလေးတိုင်း လှပပြီး စွဲဆောင်မှုရှိချင်ကြပါတယ်။ လူမှန်ရင် လှချင်တာ အမှားမဟုတ်ပါဘူး။ စာဖတ်သူတို့ရဲ့ မျက်နှာအသားအရေလေး လှပစိုပြေနေစေဖို့အတွက် အသားအရေ ထိန်းသိမ်းနည်း ၇ ခုကိုမျှဝေပေးပါမယ်။

၁။ ဆားရေ

ရေထဲကို ဆားနည်းနည်းထည့်ပြီး ပျော်အောင်လုပ်လိုက်ပါ။ ပြီးရင် တဘက်ကို ရေထဲနှစ်လိုက်ပြီး မျက်နှာပေါ်မှာ ၁၀ မိနစ်လောက် ပွတ်ပေးပါ။ အဆီပြန်တဲ့အသားအရေအတွက် လုပ်လို့သင့်တော်ပါတယ်။

၂။ နှုတ်ခမ်းသားနူးအိစိုပြေနေစေဖို့

မည်သည့် အလှကုန်ပစ္စည်းက နှုတ်ခမ်းနီ အဆီမဆို အသုံးပြုပေးလို့ရပါတယ်။ လိမ်းပေးပြီးရင် သွားပွတ်တံနဲ့ ၁မိနစ်လောက် ပွတ်တိုက်ပေးပါ။

၃။ သံလွင်ဆီ (အဆီပြန်တဲ့အသားအရေနဲ့ ပေါင်းစပ်အသားအရေရှိသူများ မသုံးရပါ)

အသားအရေခြောက်တဲ့သူတွေအတွက် သုံးလို့သင့်တော်ပါတယ်။ သံလွင်ဆီကို မျက်နှာပေါ်မှာ လိမ်းပေးပြီး ၇ မိနစ်လောက်ထားကာ ရေသေချာဆေးချပေးပါ။

၄။ ပျားရည်

သင်မသိသေးတဲ့ မျက်နှာနဲ့ အသားအရေ ထိန်းသိမ်းနည်း ၇ ခု

မျက်နှာပေါ်က ဝက်ခြံတွေ အမာရွတ်တွေသက်သာစေဖို့အတွက် ပျားရည်ကိုသုံးနိုင်ပါတယ်။ ပျားရည်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ မျက်နှာသစ်ချပေးပါ။ ဝက်ခြံအရွယ်အစားကိုလည်း သေးစေပြီး ဝက်ခြံသက်သာစေပါတယ်။

၆။ မိတ်ကပ်ကိုသေချာဖျက်မယ်

မိတ်ကပ်ကို အသားအရေခြောက်တဲ့သူတွေက အုန်းဆီ (သို့) သံလွင်ဆီကို သုံးပြီး ဖျက်ပေးလို့ရပါတယ်။ ပေါင်းစပ်အသားအရေနဲ့ အဆီပြန်တဲ့အသားအရေအတွက်တော့ သံလွင်ဆီနဲ့ အုန်းဆီကိုမသုံးပါနဲ့နော်။ wet tissue ဒါမှမဟုတ် မိတ်ကပ်ဖျက်တဲ့ remover လေးတွေရှိပါတယ်။ အဆီမပါတာ သုံးပေးပါ။

၇။ ဆံကေသာတောက်ပြောင်သန်စွမ်းစေဖို့

ဆံသားခြောက်သွေ့ပြီး ကြမ်းတမ်းနေရင် ငှက်ပျောသီး ၁ လုံး၊ ကြက်ဥ ၁ လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ ဘီယာ ခွက်တစ်ဝက်ကို ရောပြီး သေချာမွှေပေးပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံကေသာပေါ်လိမ်းပေးပြီး ၂ နာရီလောက်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ရည် ပေါင်းဆေးသုံးပြီး သေချာလျှော်ချပါ။ တစ်ပတ်ကို ၁ ကြိမ်လုပ်ပေးပါ။