အသားအရေလေး နုပျိုစိုပြေနေတာကို လူတိုင်းတပ်မက်ကြပါတယ်။ အရင်ဆုံးတော့ အသားအရေစိုပြေနေစေဖို့ အစားအသောက် အနေအထိုင်လေးတွေကို ပြုပြင်ပြောင်းလဲဖို့လိုမယ်နော်။ ဒါ့အပြင် အသားအရေကို သဘာဝအတိုင်း ထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ်။

စာဖတ်သူတို့ရဲ့ အသားအရေလေး စိုပြေစေဖို့ ကူညီပေးနိုင်မယ့် သဘာဝနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ Mayonnaise

Mayonnaise ဟာ ကြက်ဥနဲ့ ဆီကိုပေါင်းစပ်ပြီးပြုလုပ်ထားတာဖြစ်ပြီး အသားအရေကို သဘာဝအတိုင်းစိုပြေစေပါတယ်။ ဒါ့အပြင် ရှလကာပါဝင်လို့ ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ Mayonnaise ကိုမျက်နှာပေါ်မှာ လိမ်းပေးပီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် Wet Tissue (သို့) Towel နဲ့သုတ်ချပြီး ရေအေးအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

၂။ ကြက်ဥအကာ

ကြက်ဥအကာကတော့ အသားအရေကြည်လင်စိုပြေစေဖို့ ရှေးယခင်ကတည်းကအသုံးပြုခဲ့တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ကြက်ဥအကာကို မျက်နှာပေါ်လိမ်းပေး ခြောက်အောင်ထားပြီး ရေဆေးချပေးရမှာပါ။ အသားအရေကို ပေါင်းတင်ပေးသလို ဖြူဝင်းစေမှာဖြစ်ပါတယ်။

၃။ နှင်းဆီရေ (Rose Water)

Rose Water က ကျယ်နေတဲ့ချွေးပေါက်တွေကို သန့စင်ပေးပြီး အသားအရကို ကြည်လင်စိုပြေစေပါတယ်။ နှင်းဆီရေကို ကိုယ်တိုင်ပြုလုပ်လို့ရပါတယ်နော်။ နှင်းဆီပန်းကိုခူးပြီး ရေနဲ့ ၁၅ မိနစ်လောက် ပြုတ်လိုက်ပါ။ ပြီးရင် အအေးခံထားပါ။ ပြီးရင် စပရေးဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲနာရီဝက် ၁ နာရီလောက် ထည့်ထားပါ။ ပြီးရင် မျက်နှာပေါ်ဖြန်းပေးပါ။ ခြောက်အောင်ထားပြီးရင် ရေအေးအေးနဲ့ ဆေးချပါ။

၄။ သခွားသီး

သခွားသီးမှာ Collagen ပါဝင်လို့ အသားအရေကို စိုပြေစေပါတယ်။ မျက်ကွင်းညိုတာ ဖောင်းတာတွေကိုလည်း သက်သာစေပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်ကပ်ပေးရင် အသားအရေ ရေဓါတ်ဖြည့်တင်းလို့ ကြည်လင်စိုပြေစေမှာဖြစ်ပါတယ်။

၅။ ကော်ဖီ

ကော်ဖီဟာ အသားအအေတွက်လည်း အထူးကောင်းမွန်ပါတယ်။ ကော်ဖီကိုအမှုန့်ကြိတ်ပြီး သံလွင်ဆီနဲ့ ရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ သေချာပွတ်လိမ်းပေးပြီး ၁ နာရိလာက်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချပါ။ နာရီအတော်ကြာတဲ့ထိ အနံ့လေးက သင်းနေမှာပါနော်။

၆။ Apple Cider Vinegar (ပန်းသီးရှလကာရည်)

ရှလကာရည်ဟာ အသားအရေအတွက်အထူးကောင်းမွန်ပါတယ်။ ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။ Apple Cider Vinegar ကို ရေနဲ့ စတူရောပြီး စပရေးဘူးထဲထည့်ပေးပါ။ ပြီးရင် ရေခဲသတ္တာထဲ နာရီဝက်လော်ကထည့်ထားပြီး မျက်နှာပေါ်မှာ တစ်ရပ်ကို ၂ ကြိမ် ဖြန်းပေးပါ။

၇။ Baking Soda (မုန့်ဖုတ်ဆိုဒါ)

မုန့်ဖုတ်ဆိုဒါက ချွေးပေါက်တွေကို ကျဉ်းစေပြီး ဝက်ခြံတွေကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေနွေးနည်းနည်းနဲ့ခပ်ပျစ်ပျစ်ရောပြီး မျက်နှာပေါ်မှာ သေချာပွတ်လိမ်းပေးပါ။ အဆီပြန်တာကိုသက်သာစေပြီး အသားအရေကို နုပျိုစေမှာပါ။ တစ်ပတ်ကို ၁ ကြိမ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ အသားအရေ ကြည်လင်စေမှာပါ။