အသားအရေ စိုပြေလှပမှုကို လူတိုင်း နှစ်သက်သဘောကျကြပါတယ်။ အသားအရေလေး ကြည်လင်နေရင် မိတ်ကပ်တွေတောင် ကူစရာသိပ်မလိုပါဘူး။ အဲဒီအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

၁။ ရေများများသောက်ပါ

အသားအရေလှဖို့ ရေများများသောက်သင့်ပါတယ်။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ ရေသောက်ဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်း သန့်စင်မှ အသားအရေလည်း ကြည်လင်စိုပြေလာစေမှာဖြစ်ပါတယ်။

၂။ သန့်ရှင်းပါ

မျက်နှာကို တစ်နေ့ ၂ ကြိမ်အနည်းဆုံး သစ်သင့်ပါတယ်။ နဖူး၊ ပါးပြင်နဲ့ မေးစေ့တွေကို သေချာပွတ်ပြီး သစ်ပေးပါ။

၃။ Toner သုံးပါ

မျက်နှာသစ်ပြီးရင်တောင် မျက်နှာပေါ်မှာ အညစ်အကြေး အနည်းငယ်ကျန်ရစ်တတ်ပါတယ်။ အဲဒီအခါ တိုနားလေးကို ဝါဂွမ်းစထဲထည့်ပြီး မျက်နှာနဲ့ လည်ပင်းကိုသေချာပွတ်ပေးပါ။

၄။ Moisturizer သုံးပါ

အသားအရေ စိုပြေနေစေဖို့အတွက် Moisturizer သုံးပေးဖို့လိုပါတယ်။ အဆီပြန်တဲ့အသားအရေဆိုရင် Gel နဲ့လုပ်ထားတဲ့ Moisturizer သုံးပေးပါ။ ခြောက်သွေ့တဲ့ အသားအရေဆိုရင် ပုံမှန် Moisturizer သုံးပေးပါ။

၅။ တစ်ပတ်ကို ၂ ကြိမ်မျက်နှာပေါင်းတင်ပါ

တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်ပေါင်းတင်ပေးပါ။ MyStyleMyanmar မှာလည်း သဘာဝအတိုင်း ပေါင်းတင်နည်းတွေကို အများကြီး မျှဝေပေးထားပါတယ်နော်။

၆။ ၂ ပတ်တစ်ခါ မျက်နှာချေးချွတ်ပါ

၄ ရက်ခြားတခါ ပျားရည်၊ နွားနို့နဲ့ Oatmeal (အုတ်ဂျုံ) ရောပြီး မျက်နှာပေါ်မှာ ပွတ်လိမ်းပေးပါ။ မျက်နှာပေါ်ကအဆီပိုတွေ၊ အညစ်အကြေးတွေ ကိုဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

၇။ သဘာဝအတိုင်းပေါင်းတင်ပါ

သကြားအညိုနဲ့ အုန်းဆီကို စားပွဲတင်ဇွန်း ၁ ဇွန်းဆီ ရောပြီးတော့လည်း ပေါင်းတင်နိုင်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ ၁၀ မိနစ်လောက် ထားပြီး ရေဆေးချလိုက်ပါ။ မျက်နှာမှာသာမက ခြေထောက်မှာကော တစ်ကိုယ်လုံးကိုရော လိမ်းပေးနိုင်ပါတယ်။ ကိုယ်လိုအပ်သလို ပါဝင်ပစ္စည်းကို ၂ ဆ (သို့) ၃ ဆ ထည့်လိုက်ပါ။