ဝက်ခြံဆိုတာအမျိုးမျိုးရှိပါတယ်နော်။ ဘာပဲဖြစ်ဖြစ် ဝက်ခြံပေါက်ရင် စိတ်ညစ်ရတာ အလှကြိုက်တဲ့ ပျိုမေတို့ အသိပါပဲ။ ဝက်ခြံပေါက်ရတဲ့ အကြောင်းရင်းနဲ့ပတ်သတ်ပြီး သင်လုပ်နေမိတဲ့ အမှား ၇ ခုကို မျှဝေပေးပါမယ်။

မျက်နှာအလုံအလောက်မသစ်ခြင်း

မျက်နှာသစ်တဲ့အခါ ချွေးပေါက်တွေမှာ ပိတ်နေတဲ့ ချွေးတွေကိုပြောင်အောင်မသစ်ခြင်း မိတ်ကပ်တွေကို စင်အောင်မသစ်ခြင်းတွေပါဝင်ပါတယ်။

မျက်နှာအလွန်အကျွံသစ်ခြင်း

မျက်နှာအလွန်အကျွံသစ်တာဟာ အသားအရ ပိုခြောက်သွေ့စေပါတယ်။

ရေမချိုးခင်မျက်နှာသစ်ခြင်း

ရေမချိုးခင်တိုင်း မျက်နှာသစ်လေ့ရှိပါတယ်။ ဒါပေမယ့် မျက်နှာသစ်ပြီး ခေါင်းလျှော်ဆပ်ပြာတိုက်ပြီးရင်လည်း ခေါင်းလျှော်ရည်က မျက်နှာပေါ်မှာ ပြန်ပြီးပေတာပါပဲ။ အဲဒီအစား ရေချိုးပီးမှ မျက်နှာသစ်ပါ။

အလှကုန်ပစ္စည်းအလွန်အကျွံသုံးခြင်း

ကိုယ်နဲ့တည့်တာကုန်ပစ္စည်းတွေကို တသတ်မတ်တည်းမသုံးဘဲ ဟိုကုန်ပစ္စည်းကောင်းရင် ဟိုဟာသုံး ဒီဟာကောင်းရင်ဒီဟာသုံးလုပ်နေတာရယ် ပြီးတော့ အလှကုန်ပစ္စည်းတွေ အလွန်အကျွံသုံးစွဲတာတွေက သင့်ကို ဝက်ခြံပိုဖြစ်စေပါတယ်။

သင့်အသားအရေနဲ့ မတည့်တဲ့ အလှကုန်ပစ္စည်းတွေသုံးခြင်း

သင့်အသားအရေနဲ့ မတည့်တဲ့အလှကုန်ပစ္စည်းတွေသုံးတာဟာ သင့်အသားအရေကို ပိုပြီးဆိုးကျိုးဖြစ်စေသလို ဝက်ခြံဖြစ်စေပါတယ်။ အထူးသဖြင့် အရက်ပါဝင်မှုများတဲ့ကုန်ပစ္စည်းတွေကို ရှောင်သင့်ါတယ်။

Moisturizer မသုံးခြင်း

ရေချိုးပြီးတိုင် Lotion မလိမ်းတာ၊ မျက်နှာသစ်ပြီးတိုင်း Moisturizer မလိမ်းတာတွေဟာ သင့်အသားအရေကို ခြောက်သွေ့စေပြီး ရေဓါတ်ခမ်းခြောက်စေပါတယ်။ နောက်ပိုင်း ဝက်ခြံဖြစ်လာနိုင်ပါတယ်။

အဟာရညီညွှတ်မျှတစွာမစားခြင်း

ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအစာတွေ သကြားပါဝင်မှုများတဲ့အစားအစာတွေဟာ သင့်ရဲ့ အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။