အသားအရေလေးနုပျိုစိုပြေနေစေဖို့အတွက် စာဖတ်သူတို့ရှောင်ရမယ့် အသားအရေ ထိန်းသိမ်းနည်းအမှားတွေကို မျှဝေပေးချင်ပါတယ်။

၁။ Sunscreen မသုံးခြင်း

အမျိုးသမီးအများအားဖြင့် Suncsreen သုံးဖို့မလိုဘူးလို့ တွေးတတ်ပါတယ်။နေရောင်ချည်မှာပါဝင်တဲ့ UV ဟာ နေပူထဲထွက်မှရယ်လို့မဟုတ်ပါဘူး။ အိမ်ထဲမှာ နေရင်လည်းပဲ သင့်အသာအးရေပေါ် ကျရောက်နိုင်ပါတယ်။ ဒါ့ကြောင့် UV ဓါတ်ကျရောက်မှုကနေကာကွယ်ဖို့ SPF ပါဝင်တဲ့ Lotion တွေလိမ်းပေးပါ။

၂။ အသားအရေကို အလွန်အကျွံပေါင်းတင်ခြင်း

အသားအရေကို ခဏခဏ ပေါင်းတင်ကြမယ်ဆိုရင် ဆဲလ်သေတွေ မရှိတော့ဘူးလို့ အမျိုးသမီးအများစုက တွေးကြပါတယ်။ တစ်ပတ်ကို ၁ ခါထပ်ပိုပြီး ပေါင်းတင်တာမျိုးမလုပ်သင့်ပါဘူး။

၃။ မိတ်ကပ်နဲ့အိပ်ယာဝင်ခြင်း။

မိတ်ကပ်နဲ့အိပ်ယာဝင်တာတာ ဒါမှမဟုတ် မိတ်ကပ်ကို ပြောင်အောင်သေချာမသစ်ဘဲ အိပ်ယာဝင်တာဟာ သင့်အသားအရေအတွက်မကောင်းသလို ဝက်ခြံတွေ အရေးကြောင်းတွေဖြစ်စေပြီး အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။

၄။ အိပ်ချိန်လုံလောက်စွာမအိပ်ခြင်း။

အိပ်မပျော်ဖြစ်တာ အိပ်ရေးမဝတာဟာ သင့်အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ တစ်နေ့ကို ၈ နာရီကနေ ၁၀ ကြားအိပ်ပေးသင့်ပါတယ်။

၅။ အသားအရေအတွက် စားရမယ့်အစားအစာ။

သရေစာတွေ အသင့်စားအစားအစာတွေက သင့်အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေစားသုံးပေးသလို အသားအရေလှစေတဲ့အစားအစာတွေကို ထည့်သွင်းစားသုံးပေးသင့်ပါတယ်။

၆။ အလှကုန်ပစ္စည်းရွေးချယ်မှု။

ကိုယ်နဲ့မတည့်တဲ့အလှကုန်ပစ္စည်းကို ဈေးကြီးပေးဝယ်နေလို့ကတော့ဘာမှထူးလာမှာမဟုတ်ပါဘူး။ အဆီပြန်တဲ့အသားအရေနဲ့ မတည့်တဲ့ ကုန်ပစ္စည်းကို ဈေးကြီးပေးဝယ်ရင် ဝက်ခြံဖြစ်စေမှာပါပဲ။ အဆီပြန်တတ်တဲ့သူတွေဟာ အဆီမပါတဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူပေးသင့်ပါတယ်။

စာဖတ်သူတို့အားလုံး လှတထက်လှနိုင်ကြပါစေ။