ဝက်ခြံကင်းပြီး ညီညာချောမွတ်တဲ့ အသားအရေလေးပိုင်ဆိုင်စေဖို့ သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဝက်ခြံအတွက်

ခရမ်းချဉ်သီး တစ်ခြမ်းလှီးလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ ပွတ်လိမ်ပေးလိုက်ပြီး ခဏထားပါ။ ပြီးရင်တော့ ရေဆေးချပေးလိုက်ပါ။ ဝက်ခြံကိုသက်သာပျောက်ကင်းစေသလို၊ ဝက်ခြံဖြစ်ခြင်းကနေ ကာကွယ်ပေါ်နိုင်မှာဖြစ်ပါတယ်။

၂။ အိုးမင်းရင့်ရော်တဲ့အသားအရေအတွက်

ကြက်ဥကို ခွဲလိုက်ပြီး အကာနဲ့အနှစ်ကိုသတ်သတ်ဆီထားပါ။ ကြက်ဥအနှစ်ကို သေချာမွှေလိုက်ညပီး မျက်နှာပေါ်မှာလိးပေးပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပေးပါ။

၃။ မျက်ကွင်းညိုတာအတွက်

မျက်ကွင်းညိုတဲ့သူတွေအနေနဲ့ အာလူးအစိမ်းကို ပါးပါးလှီးလိုက်ပါ။(သို့)သခွားသီးကို ပါးပါးလှီးလိုက်ပြီး မျက်လုံးအောက်မျက်အိတ်မှာကပ်ပေးပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပြီးရေဆေးချပါ။

၄။ အမည်းစက်သက်သာဖို့

အမည်းစက်သက်သာချင်တဲ့သူတွေအနေနဲ့ အာလူးအစိမ်းကို ကြိတ်လိုက်ပါ။ ပြီးရင် သံပုယိုရည်နည်းနည်းထည့်ပါ။ အဲဒီနောက် မျက်နှာပေါ်မှာ ပွတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေဆေးချပါ။

၅။ နေလောင်ထားတဲ့အသားအရေအတွက်

အသားအရေနေလောင်ထားရင်တော့ ဒိန် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နနွင်းအနည်းငယ်ထည့်ပါ။ သံပုယိုရည် နည်းနည်းညှစ်ထည့်လိုက်ပြီး နေလောင်ထားတဲ့နေရာမှာလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီ ရေဆေးချပါ။