မိဘတိုင်းက သူတို့ရဲ့ သားသမီးတွေကို အောင်မြင်ပြီး ကောင်းမွန်မျှတစွာ ကြီးပြင်းစေချင်ကြပါတယ်။ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာမိဘအများစုဟာ ပညာရေးထူးချွန်စေဖို့သာ အဓိက အာရုံစိုက် အလေးထားတာကို တွေ့ရပါတယ်။

တကယ်ဆိုရင် ကလေးတွေဟာ ပညာရေးအပြင် ဘက်စုံဖွံ့ဖြိုးဖို့အတွက် အခွင့်အရေးတွေ အကျိုးကျေးဇူး အများဆုံး ရရှိနိုင်တဲ့အရွယ်တွေပါ။ အထူးသဖြင့် အားကစား နဲ့ ကိုယ်လက် လှုပ်ရှားမှုတွေ ပြုလုပ်တာဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုတွေကို သာမက စိတ်ပိုင်း ဆိုင်ရာနဲ့ ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာပါ ကောင်းမွန်တဲ့ သက်ရောက်မှုတွေပါ ရှိနိုင်ပါတယ်။

သိပ္ပံနည်းကျ သုတေသနလေ့လာတွေ့ရှိချက်အရ အသင်းအဖွဲ့နှင့်ကစားရတဲ့ အားကစားနည်း တွေဟာ ကလေးငယ်တွေရဲ့ ပေါင်းသင်းဆက်ဆံရေးကို ကောင်းမွန်လာစေပါတယ်။ ဒါ့အပြင် အနာဂတ်မျိုးဆက်သစ်တွေအတွက် မှန်ကန်တဲ့ အပြုအမူတွေကို လက်ဆင့်ကမ်းသင်ကြားပေးတဲ့နေရာမှာ သာမက ရရှိလာတဲ့တန်ဖိုးတွေကို သေသေချာချာမှတ်ယူနိုင်စေမယ့် နည်းလမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။

ကလေးများအတွက် အားကစားမှတဆင့်ရရှိတဲ့ ဘဝတန်ဖိုးတွေ နဲ့ တတ်မြောက်ထားတဲ့ကျွမ်းကျင်မှုတွေ က အကျင့်စာရိတ္တကို တည်ဆောက်တဲ့နေရာမှာ ကောင်းမွန်တဲ့အလားအလာတွေ ဖန်တီးပေးနိုင်မယ်လို့ Nestle’ MILO က ယုံကြည်ပါတယ်။ ဒါကြောင့် ကျန်းမာသွက်လက်တဲ့ မျိုးဆက်သစ်တွေ ဖြစ်လာစေ ဖို့ မြန်မာနိုင်ငံအပြင် ကမ္ဘာတစ်ဝှမ်းမှာ ဘောလုံးသင်တန်း (Football Coaching Clinic) တွေကို စီစဉ် ကျင်းပပေးနေတာပဲ ဖြစ်ပါတယ်။

အားကစားမှ သင့်ကလေးကိုသင်ကြားပေးနိုင်တဲ့ ဘဝတန်ဖိုး ၅ မျိုးကို အောက်မှာ ပြောပြပေးထားပါတယ်။

ကိုယ့်ကိုကိုယ်နှိမ့်ချခြင်း

အောင်မြင်မှုမှာ အသွားအပြန်ရှိတဲ့အတွက် ကြောင့် အားကစားသမားတွေ အနေနဲ့ တခဏတာ အောင်မြင်မှုကို အာရုံစိုက်နေမယ့်အစား ကိုယ်တိုင် တစိုက်မတ်မတ်နဲ့ ကစားပွဲတိုင်း မှာ အမြင့်ဆုံးစံချိန် ရရှိအောင် ကူညီပေးနေတဲ့ တန်ဖိုးအစစ်မှန်တွေ ကို ရရှိအောင် အမြဲထိန်းသိမ်းလေ့ကျင့် နေရမှာပဲ ဖြစ်ပါတယ်။

အားကစား ကနေ အားကစားကွင်းထဲမှာ ကစားဖော်တွေနဲ့ ပြိုင်ဘက်တွေ ရဲ့ လေးစားမှုကို ရရှိနိုင်ဖို့ ကိုယ့်ကိုကိုယ်အမြဲနှိပ့်ချနေရမယ်ဆိုတာ ကို ကလေးတွေကို သင်ကြားပေးပါတယ်။ အဲဒီ အားကစားသမားကို မိမိရဲ့အကန့်အသတ်နဲ့သာ လုပ်ဆောင်နိုင်ဖို့ ကို သတိရှိစေပြီး ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် တခြားသူတွေကို မိမိရဲ့နည်းပြကဲ့သို့လည်းကောင်း အသင်းဖော်အဖြစ်လည်းကောင်း မိသားစုဝင်အဖြစ်လည်းကောင်း ယုံကြည်အားထားနိုင်စေဖို့ အထောက်အကူ ပြုပါသည်။

ကျွန်တော်တို့ဘဝမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေလိုပဲ အားကစားမှာလည်း ယှဉ်ပြိုင်တိုင်း အမြဲအနိုင်မရနိုင်ပါ။ ဒါ့ကြောင့် အားကစားကတဆင့် ကလေးတွေရရှိနိုင်တာက ရှုံးနိမ့်ခြင်းဆိုတာ ကို ဘဝရဲ့အစိတ်အပိုင်း တစ်ခု လိုမျိုး လက်ခံတတ်လာအောင် နဲ့ ကျေနပ်စွာ ရှုံးနိမ့်တတ်လာစေဖို့ သင်ကြားပေးပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်ခြင်း

ဂုဏ်ပြုအခမ်းအနားတွေ ပျော်ပွဲရွှင်ပွဲတွေထက်အားကစားသမားတွေ အတွက် ကစားပွဲတိုင်းမှာ အကောင်းဆုံးဖြစ်စေဖို့အတွက် လေ့ကျင့်ခြင်းတွေကို အချိန်ကြာမြင့်စွာ ပြုလုပ်ရပါတယ်။ အားကစားမှာ အောင်မြင်ဖို့ဆိုတာ ပင်ကိုယ်အရည်အချင်းရှိရုံတင်မကဘဲ အဲဒီအရည်အချင်းကို အချိန်တိုင်း စိတ်အားထက်သန်စွာနဲ့ ဇွဲရှိရှိ လေ့ကျင့်မှ သာ အောင်မြင်မှုကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

သင့်ကလေးအတွက် အိမ်မှုကိစ္စတွေ ကူညီလုပ်ကိုင်ပေးတာတို့ အဘိုးအဘွားတွေကို စောင့်ရှောက်ပေးတာ ဒါမှမဟုတ် ကျောင်းအိမ်စာလုပ်တာတို့မှာ ပဲ ဖြစ်စေ ဘယ်လိုမျိုး လုံ့လရှိရှိ ကြိုးစားလုပ် ဆောင်ရမလဲ ဆိုတာကို သင်ယူဖို့ရာ နည်းလမ်းကောင်းတွေထဲ မှာ အားကစားပြုလုပ်တာကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ အားကစားကနေလည်း စိန်ခေါ်မှုတွေ၊ ကျရှုံးမှုတွေကို ဘယ်လိုကျော်လွှား ရမယ်ဆိုတာကို ရိုးရှင်းစွာနဲ့ သင်ယူနိုင်ပါတယ်။

သတ္တိရှိခြင်း

အားကစားပြုလုပ်ခြင်းက ကလေးငယ်တွေကို မိမိကိုယ်ကို တန်ဖိုးထားတတ်လာစေဖို့ နဲ့ သတ္တိရှိ လာစေဖို့လည်း ကူညီပေးပါတယ်။ သူတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့တိုးတက်လာမှုတို့ကို ပြသဖို့အတွက် ကလေးငယ်တွေကိုဆုချီးမြှင့်ရုံသာမက သူတို့ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာ ကို ချီးကျူးပြောဆိုပြီး အားပေးခြင်းက ကလေးတစ်ယောက်ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံးနည်း လမ်းတစ်ခုလည်းဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ သူတို့တွေ အားကစားလုပ်တဲ့အခါမှာ သူတို့ ကျွမ်းကျင် ပိုင်နိုင်စွာလုပ်နိုင်တဲ့အပိုင်းတွေ၊ ဒီလိုကောင်းမွန်စွာလုပ်နိုင်တဲ့အတွက် ထိုက်တန်တဲ့ ဆုချတာ မျိုးတွေမှတဆင့် သူတို့ကြိုးပမ်းလုပ်ဆောင်ချက်တွေကို အားပေးအားမြှောက်လုပ်ပေးခြင်းတွေကလည်း သူတို့လေးတွေအတွက် ယုံကြည်မှုပိုမိုတိုးပွားစေပါတယ်။

အားကစားပြုလုပ်ခြင်းဟာ ကလေးငယ်တွေကို စိန်ခေါ်မှုများ၊ ပြိုင်ဆိုင်မှုများနှင့် ၎င်းတို့၏ အကြောက်တရားများကိုရင်ဆိုင်ရန် လေ့ကျင့်ပေးပါတယ်။ ကလေးတွေရဲ့အခက်အခဲများကို မည်သို့ကျော်ဖြတ်ရန် သင်ကြားပေးခြင်နှင့် လေ့ကျင့်ပေးခြင်းတို့မှဒုက္ခကိုဖော်ပြခြင်းအားဖြင့် သူတို့လေးတွေ ရဲ့ ဘဝနှင့်ပြိုင်ပွဲတွင် ကြုံ့တွေ့ရသော စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့အတွက် ယုံကြည်မှုကိုပေးနိုင်ပါတယ်။

ရိုသေလေးစားတတ်ခြင်း

အားကစားလုပ်ကြတဲ့ပတ်ဝန်းကျင်ဟာ ကလေးတွေအတွက် ရိုသေလေးစားတတ်လာအောင်ပြုစုပျိုးထောင် ပေးနိုင်တဲ့ နေရာကောင်းတစ်ခုဖြစ်ပါ တယ်။ သင့်ကလေး က အားကစားမှာ ပါဝင်လှုပ်ရှားနေမယ်ဆိုရင် သူ့ရဲ့အသင်းဖော်တွေ နည်းပြတွေ ပြိုင်ဘက်တွေ အဲဒီကစားပွဲရဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို လေးစားတတ်ဖို့ ဘယ်လောက်ထိအရေးကြီးလဲ ဆိုတာကို သင်ယူနိုင်ပါတယ်။

ရိုသေလေးစားတတ်ခြင်း ဆိုတာ ကို သင်ယူနိုင်မယ့်ပုံစံကလည်း အမျိုးမျိုးရှိပါတယ်။ ဥပမာ အားကစား ကောင်း တစ်ယောက် ပီသအောင် နေတတ်တာမျိုး တခြားအသင်းေ ဖာ်တွေရဲ့ အောင်မြင်မှု ကို ဝမ်းမြောက်ဂုဏ်ယူတတ်တာမျိုး ပြီးတော့ နည်းပြတွေရဲ့ ဝေဖန်အကြံပေးမှုေ တွကို နားထောင်တတ်တာမျိုး တွေပဲဖြစ်ပါတယ်။ ကလေးငယ်တွေအတွက် လူကြီးတွေ အထက်အရာရှိကြီးတွေ နဲ့သူတို့ရဲ့ ရွယ်တူအပေါင်းအသင်းစသဖြင့် အဲလိုလူတွေနဲ့ ပေါင်းသင်း ဆက်ဆံတဲ့အခါမှာ ရိုသေလေးစားတတ်မှု ကို သူတို့ရဲ့ နည်းပြတွေ ပြိုင်ဘက်တွေ အသင်းဖော်တွေဆီက သင်ယူတတ်မြောက်ထားတာ ဟာ အဲဒီကလေးရဲ့ ဘဝတစ်လျှောက်လုံးမှာ အကူအညီများစွာ ဖြစ်စေပါတယ်။

အသင်းအဖွဲ့နဲ့လုပ်ဆောင်တတ်ခြင်း

ကလေးတွေဟာ အားကစားအသင်းအဖွဲ့တစ်ခုရဲ့တစိတ်တစ်ပိုင်း ဖြစ်လာပြီးဆိုရင် သူတို့ရဲ့ လူမှု ဆက်ဆံရေးနဲ့ အသင်းအဖွဲ့တစ်ခုမှာ လိုက်လျောညီထွေနေနိုင်စေဖို့အတွက် လိုအပ်တဲ့အရာတွေကို သင်ယူပြီး သားဖြစ်စေပါတယ်။

ဥပမာ ဘောလုံးအဖွဲ့တစ်ဖွဲ့ မှာပါဝင်လာရခြင်းဟာ ကလေးတွေကို သူတို့အသင်းဖော်တွေနဲ့အတူတူ စိတ်ကူးစိတ်သန်းအသစ်တွေ ဖန်တီးတတ်လာပြီး တခြားသူတွေရဲ့ အတွေးအမြင်တွေကို နားထောင်တတ်လာအောင် သင်ပေးနိုင်ပါတယ်။ကလေးတစ်ယောက်ကိုစုပေါင်းလုပ်ဆောင် ခြင်းဖြင့် အောင်မြင်မှု ပန်းတိုင်ကို ဘယ်လိုရရှိနိုင်မယ် ဆိုတာကိုပါ သင်ပေးမှာပဲ ဖြစ်ပါတယ်။

ဒီလိုတန်ဖိုးတွေက တကယ့်ဘဝထဲထိ အသုံးဝင်ပါတယ် ဘာကြောင့်လဲ ဆိုရင် တခြားသူတွေနဲ့ အတူတကွ အလုပ်လုပ်ကိုင်တတ်မယ်ဆိုရင် အဖွဲ့အစည်းတစ်ခုမှာပဲ ဖြစ်ဖြစ် ကျာင်းမှာပဲဖြစ်ဖြစ် အလုပ်မှာပဲ ဖြစ်ဖြစ် အမှန်တကယ် အသုံးဝင်လာမှာပဲ ဖြစ်ပါတယ်။ လူတွေဟာ ပေါင်းသင်းဆက်ဆံ မှု ကို ပြုတဲ့ သတ္တဝါတွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အိပ်မက်တွေအမှန်တကယ်ဖြစ်မြောက်လာအောင် ကိုယ့်ကိုကိုယ့်တွန်းအား

ပေး သလို ကျွန်တော်တို့ရဲ့အသင်းအဖွဲ့၊ အဖွဲ့အစည်းစသဖြင့်တွန်းအားပေး လုပ်ကိုင်ကြတဲ့အခါမှာ အောင်မြင်မှုတွေ ရရှိလာနိုင်မှာပါ။