လူတွေအများအားဖြင့် အသက်အရွယ်ရလာလို့ ကိုယ်အလေးချိန်တက်လာတာ၊ အခုမှလျှော့လည်းဘာမှမထူးကြဘူးဆိုပြီး တွေးကြပါတယ်။ အသက်အရွယ်ရလာလို့ ဇီဝဖြစ်စဉ် နှေးကွေးသွားပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ နည်းတာနဲ့အမျှ သင့်ကိုပိုပြီး ဝလာစေသလို အိုမင်းရင့်ရော် လာစေပါတယ်။

ဒါ့ကြောင့် သင့်အသက်အရွယ် ဘယ်လောက်ပဲရှိနေပါစေ သင့်ကို နုပျို ကျန်းမာစေပြီး ကိုယ်အလေးချိန် တက်မလာစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်ပါ

သင့်ရဲ့ ဇီဝဖြစ်စဉ်ကို ကောင်းမွန်အောင်လုပ်ဖို့ကတော့ လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာ ကိုယ်အလေးချိန်ကျစေပြီး၊ သင့်ကို ကျန်းမာစေသလို၊ လန်းဆန်းတက်ကြွစေပါတယ်။ ဒါပေမယ့်လည်း လူတိုင်းနီးပါး လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းကြပါတယ်။ ဓာတ်လှေကားအစား ရိုးရိုလှေကားသုံ၊ ဟိုနားဒီနားသွားရင် လမ်းလျှောက်ဆိုတာကို လူတိုင်းနီးပါးလက်ခံကြပေမယ့်လည်း လူတိုင်းလိုက်မလုပ်ကြပါဘူး။

၂။ စိတ်ပိုင်းဆိုင်ရာလည်း တက်တက်ကြွကြွဖြစ်အောင်နေပါ

အသက်အရွယ်ရလာတာနဲ့အမျှ ခဏခဏ ဆိုသလို မေ့တတ်တာတွေဖြစ်လာပါတယ်။ ဒါ့ကြောင့် သင့်မှတ်ဉာဏ်ကိုအမြဲတမ်း တက်ကြွနေစေဖို့အတွက် ပဟေဠိကစားတာမျိုးကိုလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်တာဟာ စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပြီး စိတ်ဖိစီးမှုကြောင့် ကိုယ်အလေးချိန်တက်မှာ စိတ်ပူစရာမလိုပါဘူး။

၃။ ကျန်းမာရေးကိုဂရုစိုက်ပါ

အသက်အရွယ်ရလာရင် နှလုံး၊ သွေးတိုး၊ ဝမ်းချုပ်၊ ဝမ်းပျက်တာကအစ သေချာဂရုစိုက်ပါ။ ဝမ်းမှန်အောင် စားပါ။ တခုခုသံသယရှိရင် ဆေးရုံဆေးခန်းအမြန်ဆုံးသွားပါ။

၄။ ကျန်းမာရေးနဲ့ညီညအတ်တဲ့ အစားအစာစားပါ

အသက်အရွယ်ရလာရင် အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပေးဖို့လိုအပ်ပါတယ်။ သကြား၊ အမြန်စားအစားအစာ၊ ဆားစားသုံးမှုတွေကို လျှော့ချပါ။ အတတ်နိုင်ဆုံး လျှော့ချပေးပါ။ အဲဒီအစား ဘယ်ရီသီးတွေ၊ ရေနွေးကြမ်း၊ ပန်းသီး၊ ပန်းမုန်လာစိမ်းတွေကို စားပေးပါ။

၅။ အခုပဲစတင်လိုက်ပါ

သင့်အနေနဲ့ ကျန်းမာအောင်နေမယ်၊ ကိုယ်အလေးချိန် မတက်အောင် နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အခုပဲ ချလိုက်ပါ။ သင့်အိမ်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို စားပေးသင့်ပါတယ်။