ချိုင်းကြားအသားအရေ ဖြူဝင်းစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ငွေကြေးလည်း အထူးတလည်ကုန်ကျဖို့ မလိုတာကြောင့် စာဖတ်သူတို့ အကြိုက်တွေ့မယ် မျှော်လင့်ပါတယ်။

လိမ္မော်ခွံ

လိမ္မော်သီးကိုစားပြီးရင် လိမ္မော်ခွံကိုလွင့်မပစ်ဘဲ ချိုင်းကြားအသားအရေ အလှအပအတွက် အသုံးပြုဖို့ အကြံပြုလိုပါတယ်။ လိမ္မော်ခွံကို ကြိတ်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် နွားနို့အစိမ်းနည်းနည်းနဲ့ ရောပြီး ခပ်ပျစ်ပျစ်လေး ဖျော်ပါ။ အဲဒီနောက် ချိုင်းကြားမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေနွေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။

အုန်းဆီ

အုန်းဆီကိုလည်း ချိုင်းကြားအသားအရေဖြူဝင်းစေဖို့အသုံးပြုနိုင်ပါတယ်။ အုန်းဆီမှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို ဖြူဝင်းစေနိုင်ပါတယ်။ အုန်းဆီကို လက်ဖဝါးပေါ်တင်ပြီး ချိုင်းကြားမှာလိမ်းပေးပါ။ ၁၅ မိနစ်လော်ကထားပြီး ဆပ်ပြာရယ် ရေနွေးရယ်သုံးပြီး ဆေးချပေးပါ။ နေ့တိုင်းပြုလုပ်ပေးလို့ရပါတယ်။

နနွင်းမှုန့် ကုလားပဲမှုန့် သံပုရာရည်

ရှေးကျပြီး အသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကုလားပဲ မှုန့်၊ နနွင်းမှုန့်နဲ့ သံပုရာသီး (သို့) သံပုယိုသီးကိုအရည်ညှစ်ပြီး ရောပေးပါ။ ပြီးရင် ခပ်ပျစ်ပျစ်လေးဖြစ်အောင်ဖျော်ပါ။ အဲဒီနောက် ချိုင်းကြားမှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင် ရေနွေးနဲ့ ဆေးချပေးပါ။ တစ်ပတ်ကို ၃ ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

သခွားသီး (သို့) အာလူး

သခွားသီး (သို့) အာလူးကို ပါးပါးလှီးပြီး ချိုင်းကြားမှာ ကပ်ပေးထားပါ။ အာလူး (သို့) သခွားသီးပေါ်ကအရည်တွေ ခမ်းသွားတဲ့ထိ ကပ်ပေးပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချပါ။ နေ့တိုင်းပြုလုပ်ပေးလို့ရပါတယ်။

Featured Image Source: Fogut