ကျန်းမာရေးကို တစုံတရာထိခိုက်မှုမရှိဘဲနဲ့ တစ်ပတ်အတွင်းမှာ ပေါင် ၃၀ လောက်ကျစေနိုင်မယ့် ဆေးစွမ်းကောင်း မပေါ်ထွက်သေးပါဘူး။ ဒီလိုမျိုး အရာရာထက် အရေးကြီးဆုံး ကျန်းမာရေးကိုလည်းမထိခိုက်ဘဲ မြန်မြန်ဆန်ဆန် ဝိတ်ကျစေမယ့် အရသာရှိတဲ့ ဖျော်ရည်တစ်ခွက်ကို ဖော်ပြပေးချင်ပါတယ်။

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

တရုတ်နံနံအရိုး ၁ တောင့်

အလယ်အလတ်အရွယ်အစားရှိတဲ့ သခွားသီးတစ်လုံး

နံနံပင် ၁ စည်း

လတ်ဆတ်တဲ့ နာနတ်သီး – ၃ စိတ်

ပြုလုပ်နည်း

ဟင်းသီးဟင်းရွက်တွေကို သေသေချာချာရေဖြင့်ဆေးကြောပြီး နာနတ်သီးအခွံခွာလိုက်ပါ။

ပါဝင်ပစ္စည်းအားလုံးကို Blender ထဲရောထည့်ပြီး ကြိတ်ပေးပါ။

ဆား၊ ငရုတ်ကောင်း၊ သကြား စတာတွေ မထည့်ဘဲ လုပ်ပြီးပြီးချင်း သောက်သုံးပေးပါ။

မနက်မိုးလင်းချိန်မှာ သောက်သုံးပေးတာက အကောင်းဆုံးပါပဲ။

ဒီလိုမျိုး အစွမ်းထက်ဖျော်ရည်ကို အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ ပေါင်းစပ်ပေးမယ်ဆိုရင်တော့ တစ်ပတ်အတွင်းမှာပဲ ရလဒ်ကောင်းတွေကို တွေ့မြင်လာရမှာပါ။