စာဖတ်သူဟာ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်ဆိုရင်တော့ ဒီနည်းလမ်းကို သိထားသင့်ပါတယ်။

အဆီထွက်တာဟာ အဆီဂရင်းကနေ အဆီတွေ အများကြီးထုတ်ပေးတာကြောင့်ပါ။ တကယ်တော့ မျက်နှာမှာ အဆီထွက်တာဟာ ကောင်းပါတယ်။ အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အဆီအလွန်အကျွံထွက်ပြီး အဆီပြန်တာကတော့ သင့်အသားအရေ အတွက်မကောင်းပါဘူး။

သင့်ကို ဆွဲဆောင်မှုလျော့စေသလို လိမ်းထားတဲ့ မိတ်ကပ်တွေကိုလည်း အလွယ်တကူ ပျက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဆီပြန်တဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

မျက်နှာသစ်ပါ

မျက်နှာသစ်ဖို့က သိပ်ကိုအရေးကြီးပါတယ်။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်မနက်တစ်ကြိမ်နဲ့ ညအိပ်ယာမဝင်ခ်င တစ်ကြိမ်သစ်ပေးပါ။ မျက်နှာသစ်ပေးရင် သေချာပြောင်အောင်သစ်ပေးပါ။

အဆီစုပ်စက္ကူသုံးပါ

အဆီပြန်တဲ့အသားအရေအတွက် အဆီစုပ်စက္ကူကို ဆောင်ထားသင့်ပါတယ်။ သင်အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် နေ့လည်နေ့ခင် အဆီပြန်လာတဲ့အခါ အဆီစုပ်စက္ကူလေးနဲ့ သုတ်ပေးသင့်ပါတယ်။ ခပ်ကြမ်းကြမ်းပွတ်တာမျိုးမဟုတ်ဘဲ ခပ်ဖွဖွလေး အဆီတွေစုပ်သွားအောင် လုပ်ပေးပါ။

ပျားရည်သုံးပါ

ပျားရည်နဲ့ မျက်နှာကို နှိပ်နယ်ပေးတာဟာ အဆီပြန်တဲ့အသားအရေအတွက် ကောင်းမွန်ပါတယ်။ အဆီပြန်တဲ့အသားအရေဟာ ဝက်ခြံထွက်တတ်ပြီး ယားယံတတ်ပါတယ်။ ပျားရည်ဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်လို့ ဝက်ခြံနဲ့ ယားယံတာကို သက်သာစေပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး ၅ မိနစ်လောက် နှိပ်ပေးပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး နွေးနွေးလေးနဲ့ ဆေးချပါ။ ပြီးရင် ရေအေးအေးနဲ့ ထပ်ဆေးချပါ။ ချွေးပေါက်တွေ ပိတ်သွားအောင်ဖြစ်ပါတယ်။

အုတ်ဂံျုနဲ့ ပျားရည်

အုတ်ဂျုံနဲ့ ပျားရည်ကိုသုံးပြီး ပေါင်းတင်ပေးနိုင်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးရုံသာမက အဆီပိုတွေကိုလည်း ဖယ်ရှားပေးပြီး သင့်အသားအရေကို သဘာဝအတိုင်း နုပျိုစေမှာဖြစ်ပါတယ်။

အုတ်ဂျုံခွက်တစ်ဝက်နဲ့ ပျားရည်ကိုလိုသဘောက်ထည့်ပါ။ ပြီးရင် ရေနွေးနည်းနည်းထည့်ပါ။ အဲဒီနောက် မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ ဆေးချပါ။ ပြီးရင် ရေအေးအေးနဲ့ထပ်ဆေးချပါ။ အဲဒီနောက် ခြောက်အောင်သုတ်ပေးပြီး အဆီမပါတဲ့ Moisturizer သုံးပေးပါ။

ညအိပ်ယာမဝင်ခင် လုပ်ပေးပါ။