မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က အမည်းစက်တွေရှိနေတာ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှပါတယ်။ နေရောင်ခြည် ထိတွေ့မှုများတာကြောင့် ဖြစ်ပေါ်လာရတဲ့ အမည်းစက်တွေ အညိုကွက်တွေ နေရောင်ကွက်တွေကို ဖယ်ရှားနိုင်ဖို့ သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ဟာ ခြောက်သွေ့တဲ့အသားအရေကို ဖယ်ရှားနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါပဲ။အရေပြားပေါ်က ဝက်ခြံတွေ မှဲ့ခြောက်တွေ အမည်းသက်တွေကို ဖယ်ရှားပေးနိုင်ဖို့ အသုံးပြုနိုင်ပါတယ်။

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

လိမ္မော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး အမည်းစက်တွေရှိတဲ့နေရာမှာ လိမ်းပေးထားပါ။ ပြီးရင် ခြောက်တဲ့ထိထားပြီး ရေအေးနဲ့ ဆေးချရမှာဖြစ်ပါတယ်။ ပန်းသီးရှလကာရည်၊ ရေ နဲ့ ပျားရည်ကိုလည်း ရောပြီးသုံးနိုင်ပါတယ်။ နေ့စဉ်အသုံးပြုပေးပြီး ၁ ပတ်လောက်ဆိုရင် သိသာတဲ့ရလဒ်ကိုရရှိစေမှာပါ။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်က အရေပြားဆိုင်ရာ ပြဿနာအမျိုးမျိုး ဖြေရှင်းနိုင်တဲ့ သဘာဝဆေးတစ်လက်အဖြစ် လက်ခံအသုံးပြုကြပါတယ်။

ရှားစောင်းလက်ပက်အနှစ်ကိုယူပြီး အမည်းစက်တွေရှိတဲ့နေရာမှာလိမ်းပေးရမှာဖြစ်ပါတယ်။ ပြီးရင် နာရီဝက်လောက်ထားပြီး ရေအေးနဲ့ ဆေးချပေးပါ။ တစ်နေ့ကို ၂ ခါလုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။

သံပုယိုသီး

သံပုယိုသီးကိုအရည်ညှစ်ပြီး ခွက်တစ်လုံးထဲထည့်ထားပါ။ ပြီးရင် ဝါဂွမ်းစနဲ့တို့ပြီး အမည်းစက်တွေရှိတဲ့နေရာမှာ လိမ်းပေးရမှာဖြစ်ပါတယ်။

ပြီးရင် နာရီဝက် 45 မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးချပေးပါ။ တကယ်လို့ ကိုယ့်အသားအရေက ထိခိုက်မခံတဲ့အသားအရေမျိုးဖြစ်ရင် ပျားရည် ရောပြီးလိမ်းပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ် နေ့တိုင်းလုပ်ပေးပါ။ ၈ ပတ်လောက်ဆိုရင် သိသာတဲ့ရလဒ်ကိုရရှိမှာဖြစ်ပါတယ်။

သံပုယိုရည် သကြားနဲ့ သံလွင်ဆီတို့ရောပြီး လိမ်းပေးလို့လည်းရပါတယ်။ ၁၀ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးချပေးရမှာပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ ၂ လလောက်ဆိုရင် သိသာတဲ့ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။